24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မေယုတောင်ထဲတွင် အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရသော တဲများနှင့် အသုံးအဆောင်ပစ္စည်းများ ထပ်တွေ့

မေယုတောင်ထဲသို့ ခရုကောက်ရန် သွားရောက်ခဲ့ရာမှ ပျောက်ဆုံးနေသူ ရခိုင်အမျိုးသားကို ရှာဖွေမှုများ ပြုလုပ်ရာမှ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရ သော တဲများနှင့် အသုံးအဆောင် ပစ္စည်းတချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ရှာဖွေတွေ့ရှိခဲ့ကြောင်း နယ် ခြားစောင့်ရဲစခန်းမှ သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် ချွတ်ပြင် ကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ဦးသန်းဌေးသည် အဖော်နှစ်ဦးနှင့် အတူ ဇူလိုင် ၂၇ ရက်က မေယု တောင်ထဲသို့ ခရုကောက်ရန် သွား ရောက်ခဲ့ရာအဖော်ဖြစ်သူ အမျိုးသားနှစ်ဦးက နေအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဦးသန်းဌေးမှာ ရွာ သို့ ပြန်မရောက်ဘဲ ပျောက်ဆုံးနေ ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မ တီက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ ပျောက်ဆုံးနေသူကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသား များက မေယုတောင်ထဲသို့ လိုက်လံ ရှာဖွေခဲ့ရာ ဇူလိုင် ၂၉ ရက်တွင် အ ကြမ်းဖက်သမားများ တည်ဆောက် ထားသည်ဟု ယူဆရသည့် တဲနှစ်လုံး ကို တွေ့ရှိခဲ့ ပြီး ဇူလိုင် ၃ဝ ရက်တွင် တဲသုံးလုံးကို တွေ့ရှိခဲ့ကြောင်း နယ်စပ် လုံခြုံရေး အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ တဲသုံးလုံးအနက် သင်္ကန်းတောင်ကုန်းပေါ်တွင် တွေ့ရှိ ခဲ့သော တဲတွင် ဆန်လေးအိတ်၊ ပန်း ကန်ပြားအချပ် လေးဆယ်နှင့် မိုး ကာစများကို  တွေ့ရှိခဲ့သည်ဟု  အ ထက်ပါ လုံခြုံရေးအရာရှိက ဆိုသည်။

 ''ပျောက်ဆုံးနေတဲ့ အမျိုးသားကို တော့ ရှာမတွေ့သေးပါဘူး။ ထပ်ရှာ နေပါတယ်။ ဒါပေမယ့် ပျောက်ဆုံး နေသူရဲ့ အသုံးအဆောင် ပစ္စည်းတွေ ဖြစ်တဲ့ ခရုထည့်မယ့် ပီနံအိတ်ခွံနဲ့ လေးဂွကို ရှာတွေ့ခဲ့ပါတယ်''ဟု ရှာဖွေ ရေးလုပ်ရာတွင် ပါဝင်ခဲ့သူ ဦးမောင် အေးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်က လည်း မောင်တောမြို့နယ် ကမ်း ချောင်းကျေးရွာအနီးရှိ မေယုတောင်ထဲတွင် အကြမ်းဖက်သမားများ စခန်း ချထားသည့် လှိုဏ်ခေါင်းတစ်ခုခု၊ လူနေတဲ၊ အိမ်များ၊ စားနပ်ရိက္ခာများ နှင့် အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး လှိုဏ်ခေါင်းထဲမှ ထွက်၍ ရန်ပြုသူ အကြမ်းဖက် ဘင်္ဂါလီတစ်ဦးကို အသေဖမ်းမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဇွန်လ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


မောင်ကံ

1023_Local.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.