24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ကလေးမြို့နယ် မြစိမ်းရောင် စီမံကိန်းရွာ လေးရွာကို ငွေကျပ်သိန်း ၁၂ဝဝ ထုတ်ချေးမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်အတွင်း ဆင်းရဲနွမ်းပါး လျှော့ ချရေးနှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍လည်းကောင်း ဒေသတွင်း လူငယ်များ အလုပ်အကိုင် အခွင့်အ လမ်းကောင်းများနှင့် အသေးစား အိမ် တွင်းမှုလုပ်ငန်းများ အရင်းမတည်  လုပ်ကိုင်နိုင်ရန်လည်းကောင်း၊ ကျေး ရွာတစ်ရွာ အရင်းမတည်ပေးငွေကျပ် သိန်း ၃ဝဝ ကို ကလေးမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ နှစ်စဉ် တိုးချဲ့ဆောင်ရွက်ပေး လျက်ရှိရာ ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကလေးမြို့ တောင် ပိုင်းဒေသ၊ မြစ်သာမြစ် အရှေ့ဖက် ကမ်း၊ သွားလာရေး ခက်ခဲသည့်ရွာ ပေါင်း လေးရွာကို မြစိမ်းရောင် စီမံ ကိန်းရွာအဖြစ် သတ်မှတ်ငွေထုတ် ချေးမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ဗီ ဦးအောင်ကျော်မျိုးက ပြော သည်။

''ကျွန်တော်တို့ အရင်းမပျောက် ငွေကျပ်သိန်း ၃ဝဝ လို့ ပြောရမှာပါ။ ကျွန်တော်တို့ ကလေးမြို့နယ် ကျေး လက်ဒေသတွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဈေးရောင်း၊ ရက်ကန်း ခတ် မိသားစု တစ်နိုင်တစ်ပိုင် လုပ် ကိုင်စားသောက်နိုင်ဖို့ အရင်းမတည် ပေးတဲ့ ငွေဖြစ်ပါတယ်။ ထုတ်ချေးပေး တဲ့ နေရာမှာလည်း ကျေးရွာအလိုက် တာဝန်ယူပေးတဲ့ ကော်မတီက ထုတ် ချေးမှာဖြစ်ပြီး ပြန်ဆပ်ချိန်မှာလည်း တာဝန်ယူရမှာဖြစ်ပါတယ်''ဟု မြစိမ်း ရောင် ကျေးရွာစီမံကိန်း ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး ရွာ တစ်ရွာကျပ်သိန်း ၃ဝဝ ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစတင်၍ ရွာတစ် ရွာကို မတည်ဆောင်ရွက်ပေးခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ကျေး ရွာပေါင်း ၂၄ ရွာကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျေး ရွာပေါင်း သုံးရွာကိုလည်းကောင်း၊ စုစု ပေါင်း မြစိမ်းရောင် စီမံကိန်းဝင်ကျေး ရွာပေါင်း ၂၈ ရွာကို ငွေကျပ်သိန်း ပေါင်း ၈၄ဝဝ ထုတ်ပေးခဲ့ပြီဖြစ် ကြောင်း သိရသည်။ ယခု ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ်တွင် မြစ်သာမြစ်  အရှေ့ဖက်ကကမ်းရွာများနှင့် မင်းလှ၊ ဟားခါးလေး ကျေးရွာများကို ငွေကျပ် သိန်း ၁၂ဝဝ ထုတ်ချေးနိုင်ရန် သက် ဆိုင်ရာသို့ တင်ပြဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

''ကျွန်တော်တို့ မြစိမ်းရောင် စီမံကိန်းငွေထုတ်ချေးတေဲ့ နေရာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ ကျေးရွာ ရပ်မိရပ်ဖတွေ အကြီးအကဲတွေ ပေါ့တက်တက်ကြွကြွပါဝင်ဆောင် ရွက်စေချင်ပါတယ်။ ကိုယ့်ရပ်ကိုယ့် ရွာအတွက် အရင်းအနှီးထုတ်ပေးငွေ ချေးပေးတဲ့ ကိစ္စဖြစ်တဲ့အတွက် တက် ကြွစွာ ပါဝင်ဆောင်ရွက်သလောက် ရပ်ရွာတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပါ တယ်''ဟု မြစိမ်းရောင် စီမံကိန်း ကော်မတီမှ တာဝန်ရှိကပြောသည်။


ကြာကြာကွတ်

1023_Local.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.