14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ တတိယပတ်အတွင်း ပြည်ပ ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက်ကုန်တင်ပို့မှုမှာ ပထမနေရာ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ဒုတိယနေရာနှင့် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှာ

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီ လမှ ဇူလိုင်လ တတိယပတ်အတွင်း ပြည်ပပို့ကုန်ကဏ္ဍတွင် လယ်ယာ ထွက်ကုန် တင်ပို့မှုမှာ ပထမနေရာ၊ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ဒုတိယ နေရာနှင့် CMP စနစ်ဖြင့် ချုပ်ပြီး အထည်တင်ပို့မှုမှာ တတိယနေရာ တွင် ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ တတိယပတ်အထိ ကုန်သွယ်မှု ပမာဏမှ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ရာ သွင်းကုန်ကဏ္ဍ မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံဖိုး၊ ပို့ကုန်ကဏ္ဍမှ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ဖိုးခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ဝဝ၈ သန်း ကျော်၊ သဘာဝ ဓာတ်ငွေ့တန်ဖိုး အမေရိ ကန် ဒေါ်လာ ၇၈၆ သန်း၊ CMP စနစ်ဖြင့် အထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၉၂ သန်းဖိုး တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ တင်ပို့မှုမှာ ယခင် နှစ်များအတိုင်း အနည်းငယ်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ပို့ကုန်ကဏ္ဍတွင် ယခင် နှစ်ကာလတူထက် ထူးထူးခြားခြား တင်ပို့ခဲ့ရသည့် ပို့ကုန်ပစ္စည်းများမှာ သတ္တုနှင့် သတ္တုတွင်းထွက် ပစ္စည်း များ ဖြစ်သည်။ အဆိုပါကာလ အတွင်းသတ္တုနှင့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ် လာ  ၃၂၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက အမေရိကန် ဒေါ်လာ ၈၄ သန်းသာ တင်ပို့နိုင်ခဲ့ သဖြင့် အမေရိကန်ဒေါ်လာ ၂၄၁ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။ သတ္တု တွင်းထွက်ပစ္စည်းများ တင်ပို့ရာတွင် ဖောက်သည်ဈေးကွက်နိုင်ငံများ တိုး တက်များပြားလာခြင်းမရှိဘဲ ယခင် နှစ်ကအတိုင်း ဖောက်သည် ဈေးကွက်နိုင်ငံ ၁၃ နိုင်ငံကိုသာ တင်ပို့ ပေးခဲ့ရခြင်းဖြစ်သည်။ သို့သော် အဆိုပါ ဖောက်သည်ဈေးကွက်နိုင်ငံများထဲမှ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ သတ္တုနှင့် သတ္တုရိုင်းပစ္စည်းအမျိုးအ စားများနှင့် အရေအတွက် ပိုမိုတင်ပို့ ပေးခဲ့ရပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကာ အများဆုံး တင်ပို့ခဲ့ရခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန် ကြီးဌာနအနေနှင့်  ပို့ကုန်ကဏ္ဍတွင် ယခုလက်ရှိ ပမာဏထက် သုံးဆအထိ တိုးတက်တင်ပို့နိုင် ရေးအတွက် စီးပွားရေးမူဝါဒများ ချမှတ်၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


ဒသမ

1023_Local.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.