14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြောက်ဦးမြို့သစ် ဖော်ထုတ်မည့် မြေဧက ၂၇ဝဝ အနက် ဧက ၄ဝဝ အား ပဏာမ အတည်ပြုရွေးချယ်

မြောက်ဦးမြို့သစ် ဖော်ထုတ် မည့် မြေဧက ၂၇ဝဝ အနက် ဧက ၄ဝဝ အား ပဏာမ အတည်ပြုရွေး ချယ်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခု အတည်ပြုလိုက်သည့် နေရာမှာ မြောက်ဦးမြို့အဝင် ထမ္မရာဇ်ရပ်ကွက်၏ မြောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းနံဘေး နေရာဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

''ဒီစီမံကိန်းကို ဘယ်အချိန် အ ကောင်အထည်ဖော်မလဲဆိုရင် ကျွန် တော်တို့က လူထုကို အရင်ဆုံးချပြရ ဦးမယ်။ ပြီးမှ လွှတ်တော်ကနေတစ် ဆင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တင်မယ်။ ရခိုင်ပြည်နယ် အစိုးရကမှ တစ်ဆင့် ပြည်ထောင်စု အစိုးရကို တင်ပြပြီး ပြည်ထောင်စု အစိုးရကချပေးမှပဲ စတင်အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်''ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း သာစိန်က ပြောသည်။

 မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ် စာရင်းဝင်နိုင်ရေးနှင့် မြို့နေလူဦးရေထူထပ်လာမှုပြဿနာ ကို ဖြေရှင်းနိုင်ရန်အတွက် မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ရ ခြင်းဖြစ်သည်ဟုလည်း သိရသည်။

 ''ဒီစီမံကိန်းကို စတင်အကောင် အထည်ဖော်လိုက်ချိန်မှာ ကမ္ဘာ့ယဉ် ကျေးမှုဝင်နိုင်ဖို့အတွက် အခက်အခဲ ဖြစ်နေတဲ့ မြို့တွင်းက ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲမှာပါနေတဲ့ ဈေးတွေ၊ အစိုးရဌာန အဆောက်အ အုံတွေဟာ ဒီမြို့သစ်ကို ပြောင်းရွှေ့ ကြရမှာဖြစ်ပါတယ်''ဟုလည်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေး မှု အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင် သန်းက ပြောသည်။

ယင်းအပြင် ယခု သတ်မှတ် လိုက်သည့် မြေနေရာသည် ရန်ကုန်- စစ်တွေကားလမ်းနှင့် နီးကပ်နေသည့် အတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးလည်း အလွယ်တကူရရှိ နိုင်သလို အဘောင်တော်အင်းနှင့်နီး ကပ်သည့်အတွက် မြို့သစ်အတွက် လိုအပ်သည့် သောက်သုံးရေများကို လည်း အဆိုပါ အင်းမှ ရရှိနိုင်သည့် အတွက် ယခုကဲ့သို့ အားလုံး သဘော တူ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်သန်းက ဆိုသည်။

 ယခုသတ်မှတ်လိုက်သည့် မြေ ဧက ၄ဝဝ ရာတွင် မြေကွက်များ ဖော်ထုတ်သွားမည်ဖြစ်ပြီး ယင်းမြေ ကွက်များကို ပြည်သူများထံ သင့် တော်သည့် ဈေးနှုန်းများဖြင့် ရောင်း ချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။       

 ဂိုးချေ

1023_Local.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.