24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တရားမဝင်သစ်မှောင်ခိုမှုများအား စစ်ကြောင်းပုံစံဖြင့် ဖမ်းဆီးခြင်း၊ ကွင်းဆင်းဖမ်းဆီးခြင်း စသည့်နည်းလမ်းများနှင့် စဉ်ဆက်မပြတ် အရေးယူဆောင်ရွက်နေ

တရားမဝင်သစ်မှောင်ခိုမှုများ နှင့် သစ်ခိုးထုတ်မှုများအား စဉ်ဆက်မပြတ်အရေးယူဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသတင်း များအရသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တရားမဝင်သစ်များ သယ်ယူလာသည့် လမ်းကြောင်းနှင့် မြစ်ကြောင်း များတစ်လျှောက်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တရားမဝင်သစ် များထွက်ရှိနေသည့် ခရိုင်များတွင် စစ်ကြောင်းပုံစံနှင့် ဖမ်းဆီးခြင်း၊ အဆိုပါ တရားမဝင်သစ်များနှင့် ပတ် သက်သည့် သတင်းပေး တိုင်ကြားမှု များအပေါ် သစ်တောဦးစီးဌာန၊ ရုံး ချုပ်၊ စစ်ဆေးရေးဌာန၏ အစီအစဉ် များဖြင့် ကွင်းဆင်းဖမ်းဆီးခြင်း စသည့်နည်းလမ်းများဖြင့် ဖမ်းဆီးအ ရေးယူဆောင်ရွက်လျက်ရှိရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ် စုစုပေါင်း ၄၆၁၅၃ တန် ဖမ်းဆီးရမိ ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ၅ဝဝ၂၆ တန် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်များနှင့် ပတ်သက်၍ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင်အမှု ၁၅၂၄၃ မှုနှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်အမှု ၁၆၃၂ဝ မှုရှိခဲ့ ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်များနှင့် ပတ်သက်သည့် အမှုများအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ယခင်နှစ်များမှ လက်ကျန်အမှုပေါင်း ၂၃၈ဝ မှုအပါအဝင် အမှုပေါင်း ၁၆၃၅၅ မှု၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် အမှုပေါင်း ၁၅၁၆၆ မှုကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် အမှုများပြီးပြတ်၍ ပုံစံ(၈) ဝင် တရားမဝင်ကျွန်း၊ သစ်မာ (လုံး၊ ခွဲသား) စုစုပေါင်း တန်ချိန် ၃၄၂၂၁ တန်အား ကြမ်းခင်းဈေးနှုန်းများနှင့် ပြန်လည်ရောင်းချခဲ့ရာ စုစုပေါင်း ငွေကျပ် သန်းပေါင်း ၃၈၅ဝ သန်း ကျော်ရရှိခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် အမှုများပြီးပြတ်၍ ပုံစံ (၈) ဝင် တရားမဝင်ကျွန်း၊ သစ်မာ (လုံ/ ခွဲသား) စုစုပေါင်းတန်ချိန် ၅ဝ၂၄၅ တန်အားကြမ်းခင်းဈေးနှုန်းများနှင့် ပြန်လည်ရောင်းချခဲ့ရာ စုစုပေါင်း ငွေ ကျပ် သန်းပေါင်း ၅၃၁ဝ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

တရားမဝင် သစ်များအား ရှမ်းပြည်နယ်၊ ကွန်ဟိန်း မြို့နယ်၊ ခိုလန်ဒေသနှင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်းဖူး ဒေသ များတွင် အများ ဆုံးဖမ်းဆီးရမိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရှမ်း ပြည်နယ် ကွန်ဟိန်းမြို့နယ်၊ ခိုလန် ဒေသမှ တရားမဝင်သစ် စုစုပေါင်း တန်ချိန် ၁၃၂၉ ဒသမ ၃၆၂ တန် နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင် လန်ဖူးဒေသတွင် တရားမဝင်သစ် စုစုပေါင်းတန်ချိန် ၇ဝ၄၃ ဒသမ ၈၈၄ တန် အများဆုံး ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထိုကဲ့သို့ တရားမဝင်သစ်များကို ရှာဖွေဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ရာတွင် သစ်မှောင်ခိုထုတ်လုပ်သူများ၏ ရန်ပြုတိုက်ခိုက်မှုများကြောင့် ၂ဝဝ၂-၂ဝဝ၃ ဘဏ္ဍာနှစ်မှ ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် လက် ထောက်ညွှန်ကြားရေးမှူး အဆင့်တစ် ဦးအပါအဝင် ဝန်ထမ်း ရှစ်ဦးသေဆုံး ခဲ့ပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.