14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသတစ်ခုဖြစ်မြောက်လာစေရန် လေ့လာရေး အဖွဲ့ကို လာမည့်ပွင့်လင်းရာသီတွင် စေလွှတ်သွားမည်

ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးစဉ်ဒေသတစ်ခုဖြစ် မြောက်လာစေရန် လေ့လာရေးအဖွဲ့ ကို လာမည့် ပွင့်လင်းရာသီတွင် စေ လွှတ်သွားမည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ပြောကြားသည်။

ဇူလိုင် ၂ဝ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်နုက မာန်အောင်ကျွန်း၏ ပင်လယ်ကမ်းသဘာဝအလှကို အခြေခံ၍ ဟိုတယ်နှင့် ခရီးသွားလုပ်  ငန်းအား နိုင်ငံတော် အစိုးရမှ အား စိုက်ပါဝင်ဆောင်ရွက်ပေးမည့် အစီစဉ် ရှိ၊ မရှိ မေးမြန်းခြင်းကို ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မာန်အောင်ကျွန်း၏ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းအပါအ ဝင် မာန်အောင်ကျွန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ရခိုင်ပြည်နယ် အစိုးရ၊ မာန်အောင်အများပိုင် ကုမ္ပဏီနှင့် ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI တို့ ပူးပေါင်း၍ ၂ဝ၁၆ ခုနှစ်မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက် နေသည်ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။

ယင်းနောက် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ၏ ဧပြီလ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အစည်းအဝေးတွင်လည်း မာန် အောင်ကျွန်းခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် မာန်အောင်ကျွန်းသည် ဆက်သွယ်သွားလာရ ခက်ခဲသည့် ဒေသတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျနေသည့် အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြခြင်းဖြစ် ကြောင်း မြို့ခံများက ပြောသည်။


မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.