14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်းစတင်

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ အနီး (မန္တလေးတောင် အရှေ့ဘက်) ၌ အောင်မြေမန္တလာအမည်ရှိ နိုင်ငံ့ ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ စီမံ ကိန်းတည်ဆောက်ရေးအတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့ရာ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ရာကို ၃၃ ဒသမ ၂၂ ဧက အကျယ်အဝန်းရှိ မြေပေါ် တွင် တည်ဆောက်မည်ဖြစ်ပြီး အငှား အိမ်ရာတွင် ၂၄ ခန်းတွဲ ငါးထပ်သုံး လုံး၊ ရှစ်ခန်းတွဲ ငါးထပ် ၁၅ လုံးနှင့် အရောင်းအိမ်ရာတွင် လေးခန်းတွဲ ငါးထပ် ၁၄ လုံး တည်ဆောက်ရန် လျာထားကြောင်းနှင့် ၂ဝ၁၈ ခုနှစ် မတ် လတွင် အပြီး တည်ဆောက်ရန် လျာ ထားကြောင်း သိရသည်။

အငြိမ်းစား ဝန်ထမ်းများအတွက် ၄ဝဝ စတုရန်းပေ ကျယ်ဝန်းသည့် အခန်းအား ကျပ် သိန်း ၉ဝ၊ ၅ဝဝ စတုရန်းပေ အခန်းအား ကျပ် ၁၁၅ သိန်း၊  ၆ဝဝ စတုရန်းပေ အခန်းအား ကျပ်သိန်း ၁၄ဝ၊ ၇၅ဝ စတုရန်းပေ အခန်းအား ကျပ်သိန်း ၁၇ဝ၊ ၉ဝဝ စတုရန်းပေ အခန်းအား ကျပ်သိန်း ၂ဝဝ လျာထားပြီး အရစ်ကျစနစ်ဖြင့် ပါ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက်လည်း အငှား အိမ်ရာများ ပါဝင်မည်ဖြစ်ပြီး အဆိုပါ အခန်းများ၌ မိသားစုများအတွက် အခန်းကျယ်တိုက်ခန်းများ၊ လူပျို ဆောင်၊ အပျိုဆောင်များလည်း ထည့် သွင်းထားကြောင်း သိရသည်။

မန္တလေးသတင်း

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.