24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တညင်းကုန်း လက်ကားဈေးကဲ့သို့ဈေးများ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ဖွင့်လှစ်ပေးရန် လိုအပ်နေ

တညင်းကုန်း လက်ကားဈေးနည်းတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်သီးသန့်  လက်ကားဈေးများ ဖော်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ကြောင်း၊  ဇူလိုင် ၂ဝ ရက်က  မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့ သော နိုင်ငံတော် ဒုတိယသမ္မတ (၁) နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ  တွေ့ဆုံ ပွဲသတင်းများအရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ငါးလုပ်ငန်းကဏ္ဍ၊ ဟင်းသီးဟင်းရွက်၊ သစ် သီးဝလံနှင့် ပန်းမန်ကဏ္ဍ၊ ကြံနှင့် သကြားလုပ်ငန်းကဏ္ဍ၊ ပလပ် စတစ် လုပ်ငန်းကဏ္ဍနှင့် ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့ကို ဆွေး နွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန် ဈေး ကွက်ကဏ္ဍတစ်ရပ်လုံးမှ ကုန်စည် များသည် သီရိမင်္ဂလာဈေးတွင်သာ လည်ပတ်ရောင်းချနေကြရသဖြင့် အလေအလွင့်များနေပြီး အချိန် ကြန့်ကြာမှုများဖြစ်ပေါ်ကာ ထိခိုက် နစ်နာမှုများရှိနေသည့်အတွက် တညင်းကုန်း လက်ကားဈေးနည်းတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် သီးသန့်လက်ကား ဈေးများ ဖော်ဆောင်ပေးရန် မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုး သန်းမင်းဒင်က ဆွေးနွေးတင်ပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီးနှံနှင့် ဈေးကွက်ဆိုင်ရာ Information Center ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် အစိုးရဌာနများ ပူးပေါင်းစီစဉ်ရန်နှင့် သီးနှံ သုတေသန လုပ်ငန်းများ (R & D) လုပ်ကိုင်နိုင်ရေးအတွက် တက္ကသိုလ် များနှင့် သုတေသနဌာနများပူးပေါင်း ဆောင်ရွက်ပေးရန်လည်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုး သန်းမင်းဒင်ကလည်းကောင်း၊ ပဲခူး တိုင်းဒေသကြီးတွင် သီးနှံအာမခံ စနစ် ပီပီပြင်ပြင်ပေါ်ပေါက်စေရန် ပုံစံ (၇) ချေးငွေအပေါ် နိုင်ငံ တော်မှ အကာအကွယ်ပေးနိုင်ရန်၊ နည်းဥပဒေများ အကောင်အထည် ဖော် ပေးနိုင်ရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တစ်လတစ်ခါခန့် တွေ့ဆုံခွင့် ရရန်၊ ကြံစိုက်တောင်သူများ ရှားပါး နေခြင်းနှင့် ကြံစိုက်တောင်သူများကို ပိုမိုခေါ်ယူနိုင်ရေး ပူးပေါင်းဆောင် ရွက်ရန် ကိစ္စများကို ပဲခူးတိုင်းဒေသကြီး (အနောက်) ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးလှမိုးကလည်း ကောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.