14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဘီပီအိုင်ဆေးဝါးစက်ရုံမှ ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးအထိ တိုးမြှင့်ထုတ်လုပ်သွားမည်

ဘီပီအိုင်ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံ ဖိုးအထိ တိုးမြှင့်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

ဘီပီအိုင်ဆေးဝါးစက်ရုံကို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဆေးဝါးထုတ်လုပ်မှုကျင့်စဉ် GMP နှင့် ကိုက်ညီမှုရှိစေရန် အဆောက် အအုံအသစ်များ စက်ကိရိယာအသစ်များ လဲလှယ်တပ်ဆင်ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်၍ ခေတ်မီ ဆေးဝါးတိုး မြှင့်ထုတ်လုပ်မှုစီမံကိန်း New BPI Project ကို စတင် အ ကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် တစ် နိုင်ငံလုံး ဆေးဝါးတင်သွင်းမှုပမာဏ၏ ၁၃ ရာခိုင်နှုန်းနှင့် ညီမျှသည့် ငွေကျပ် ၁၇ ဒသမ ၂၇၁ ဘီလီယံရ ရှိခဲ့ခြင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ငွေကျပ် ၂၆ ဒသမ ဝ၈၅ ဘီ လီယံဖိုးအထိ ထပ်မံတိုးမြှင့်ထုတ်လုပ် နိုင်ခဲ့ခြင်းတို့ကြောင့် ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးအထိ တိုးမြှင့် ထုတ်လုပ် နိုင်ရန် လျာထားဆောင်ရွက်နေ ကြောင်း သိရသည်။

 လက်ရှိတွင် ဘီပီအိုင်ထုတ် ဆေးဝါးများကို  ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား ဆေးရုံ ကြီးများအတွက် အမှာစာများရရှိထားပြီး ငွေကျပ် ၄ဝ ဘီလီယံဖိုးအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထား ဆောင်ရွက်မှုများမှ အမှာစာများအတွက် ငွေကျပ် ၂၈ ဘီလီယံဖိုးခန့်ထုတ်လုပ်ကာ အများပြည်သူအား ငွေကျပ် ၁၂ ဘီလီယံဖိုး ထုတ် လုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ဘီပီအိုင်ထုတ် ဆေးဝါးများအား အများပြည်သူအတွက် ဘီပီအိုင်ဆေးဝါးအရောင်းဆိုင်များမှ လွတ်လပ်စွာ ရောင်းချပေးနေသည့်အပြင် ပြည်သူ့ ဆေးရုံကြီးများ၊ တပ်မတော်ဆေးရုံကြီး များ၊ အလုပ်သမားဆေးရုံဆေးခန်း များ၊ အရောင်းစင်တာများ၊ သာမန် ဆေးဝါး ရောင်းချခွင့်လိုင်စင်ရရှိထား သည့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် င်္ီဗ မှ ထုတ်ပေးထားသည့် အထူးထိန်း ချုပ် ဆေးဝါးရောင်းချခွင့်လိုင်စင်ရရှိ ထား သူများအနေနှင့် ဝန်ကြီးဌာနသို့ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင် ကြောင်းသိရသည်။

ဘီပီအိုင်ဆေးဝါး စက်ရုံအနေ နှင့် ဆေးဝါးများ တိုးမြှင့်ထုတ်လုပ် နေသကဲ့သို့ ဆေးဝါးအမယ် အသစ်များကိုလည်း တိုးမြှင့်ထုတ်လုပ်လျက် ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဆေးဝါးအမယ်သစ် ၁၁ မျိုးတိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ပြီး ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆေးဝါး အ မယ်သစ်ခြောက်မျိုးကို စမ်းသပ်တီ ထွင် ထုတ်လုပ်နေပြီဖြစ်ကြောင်း သိ ရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.