14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သြဂုတ်လဆန်းဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲ၌ ရောင်းမကုန်ထီလက်မှတ်အုပ်ရေ ၁၄၁၂၅ဝ ကျန်နေကြောင်း သိရ

သြဂုတ် ၁ ရက်တွင် ဖွင့်လှစ် မည့် ငါးကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် 'က'အက္ခရာမှ 'အ' အက္ခရာ၊ 'ကက' အက္ခရာမှ 'ကထ' အက္ခရာအထိ စုစု ပေါင်း အက္ခရာလုံးရေ ၅ဝ (ထီစာ အုပ်ပေါင်း ၄ဝ၉ဝ၉ဝဝ) အုပ် ထုတ် ဝေခဲ့သော်လည်း အုပ်ရေ ၃၉၄ ၉၆၅ဝ သာ ရောင်းချခဲ့ရပြီး အုပ်ရေ ၁၄၁၂၅ဝ (စောင်ရေအားဖြင့် ၁၅၅ ၃၇၅ဝ) မှာ ရောင်းမကုန်ထီလက် မှတ်များအဖြစ် ကျန်ရှိနေကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာချက်ထုတ်ပြန်ထားသည်။

ထီဖွင့်ပွဲတွင် ဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်မှ အဆိုပါ ရောင်း မကုန်ထီလက်မှတ် နံပါတ်ထွက်ပေါ် လာပါက ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ဝေဝေဆာဆာ ဆုမဲစနစ်တွင် ရောင်းမကုန်ထီလက်မှတ်မှ ဆုမဲ ထွက်ပေါ်လာပါက အဆိုပါ ဆုတန် ဖိုးများအား စုပေါင်းပြီး အခြားသင့် လျော်သော ဆုမဲများအား အစားထိုး ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြထား သည်။

ယခုဖွင့်လှစ်မည့် ငါးကြိမ် မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ တွင် ရောင်းချခဲ့ပြီးသော ထီလက်မှတ် တန်ဖိုး ကျပ်သန်းပေါင်း ၁၉၇၄၈ ဒသမ ၂၅ ၏ ၆ဝ ရာခိုင်နှုန်းဖြစ် သော ကျပ်သန်းပေါင်း ၁၁၈၄၈ ဒသမ ၉၅ အား ကျပ်သိန်းတစ် သောင်းတစ်ဆု၊ ကျပ်သိန်း ငါးထောင် နှစ်ဆု၊ ကျပ်သိန်းသုံးထောင်လေးဆု၊ ကျပ်သိန်းတစ်ထောင်ရှစ်ဆုနှင့်ဆုတစ် ဆုချင်း စနစ်မှ ကျပ်သိန်းငါးရာ၊ ကျပ် သိန်းသုံးရာ၊ ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်းငါးဆယ်၊ ကျပ်သိန်းသုံး ဆယ်နှင့် ဝေဝေဆာဆာ ပဒေသာဆု မဲများဖြစ်သည့် ကျပ် သုံးသိန်း၊ ကျပ် နှစ်သိန်း၊ ကျပ်တစ်သိန်းနှင့် ကျပ် ငါး သောင်းဆုများအဖြစ် ခွဲဝေဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးကွက်

ဈေးကွက်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.