14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စားသုံးရန် မသင့်သည့် အစားအသောက်၊ ဆေးဝါးများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးမှုနှင့် ပညာပေးမှုများရှိနေသော်လည်း ထိရောက်စွာ အရေးယူမှုအပိုင်း၌ အားနည်းနေဟုဆို

မြန်မာ-အိန္ဒိယနယ်စပ်နှင့် နီး စပ်ပြီး မြန်မာနိုင်ငံဒေသအနှံ့မှ  ထုတ်လုပ်သည့် စားသောက်ကုန် စည်မျိုးစုံနှင့် နိုင်ငံစုံမှ လာသည့် ဆေးဝါးပစ္စည်း၊ စားသောက်ကုန်စည် မျိုးစုံ အထိုင်ချရောင်းချခြင်း၊ ဖြတ် သန်းသွားလာခြင်းများရှိသည့်  စစ် ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ် နှင့် ဒေသတွင်း ဆေးဆိုင်များ၊ စား သောက်ကုန်စည်ဆိုင်များတွင် ကလေးမြို့ အခြေပြု အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ မြို့တွင်း ဈေးဆိုင်များ၊ ဆေးဆိုင်များ ကို စစ်ဆေးခြင်း၊ ပညာပေးဟောပြော ခြင်းများရှိသော်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်မှုနှင့် ဒေသတွင်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာ ခြင်းအားနည်းသည့်အတွက် ဒေသခံ တို့အခက်ကြုံလျက်ရှိကြောင်း ကလေး ဒေသခံတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ကလေးဒေသမှာ စားသုံးရန်မသင့်တဲ့ အစားအသောက် ကုန်စည်အမှတ်တံဆိပ်၊ ဈေးဆိုင်၊ ဆေးဆိုင်၊ ဆေးအမျိုးအမည် ထုတ် ပြန်ကြေညာမှုအားနည်းတဲ့အတွက် ကျွန်တော်တို့ ဝယ်ယူစားသုံးကြရတဲ့ လူထုအနေနဲ့ ဘယ်လိုပစ္စည်းသုံးစွဲ ရမယ်၊ မသုံးစွဲရဘူး၊ အန္တရာယ်ရှိ တယ် မသိရပါဘူး။ သက်ဆိုင်ရာက စစ်ဆေးတယ်ဆိုတဲ့ သတင်းတော့ ကြားရတယ်။ နောက်ပြီး ကျွန်တော် တို့ ကလေးဒေသမှာ မပုပ်မသိုးသစ် သီးတွေ၊ မပုပ်မသိုးအစားအသောက် တွေ၊ ဆီတွေ၊ ဆေးတွေ စစ်ဆေးပြီး အများသိအောင် ဆိုင်နာမည်နဲ့တကွ ကြေညာပေးစေချင်ပါတယ်''ဟု ယင်း ဒေသခံက ပြောသည်။

ကလေးမြို့နှင့် ကျေးလက်ဒေသ များတွင် အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲမှု ဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းစုံ ပါဝင်သည့် အဖွဲ့အစည်းများက ကလေးမြို့ပေါ်ရှိ ဆေးဆိုင်များ၊ ဈေး ဆိုင်များကို မကြာခဏစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်က ဆေးဆိုင် ၁၂ ဆိုင်ကိုလည်း ကောင်း၊ မတ်လ ၁ဝ ရက်က ဆေး ဆိုင် ၁ဝ ဆိုင်ကိုလည်းကောင်း၊ မေ လ ၁၁ ရက်က ဆေးဆိုင် ခြောက် ဆိုင်ကိုလည်းကောင်း၊ ဇူလိုင် လ ၂ဝ ရက်က ဆေးဆိုင် ၁၄ ဆိုင်ကို စစ် ဆေးခဲ့ရာ လိုင်စင်မဲ့ ဆေးဆိုင်များ၊ သက်တမ်းလွန်ဆေးများ၊ မှတ်ပုံတင်မ ထားသည့် ဆေးဝါးများတွေ့ရှိခဲ့ ကြောင်း သိရပြီး ကလေးမြို့၊ မြို့မ ဈေးနှင့် အခြားဈေးဆိုင်များကိုလည်း မကြာခဏစစ်ဆေးမှုများပြု လုပ်ခဲ့ သော်လည်း ထိရောက်သည့် အရေး ယူမှုနှင့် ပြည်သူလူထုသိသာရန် ထုတ်ပြန်ကြေငြာမှုအားနည်းနေကြောင်း ဒေသခံများက ပြောသည်။

''ဆေးဆိုင်နဲ့ ဈေးဆိုင်တွေကို ကျွန်တော်တို့အနေနဲ့  မိတ်ဖက်အဖွဲ့ အစည်းတွေ ပူးပေါင်းပြီး သုံးလတစ် ကြိမ်စစ်ဆေးမှုတွေ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စပ်ဆေးတွေကို မသုံးစွဲခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ စားသုံးရန်မသင့်တဲ့ ကုန်ပစ္စည်း၊ တံဆိပ်မပါတဲ့ ပစ္စည်း၊ မှိုတက်နေတဲ့ အစားအသောက်တွေ၊ ဆိုးဆေးပါတဲ့ အစားအသောက်တွေ ရောင်းချမှုရှိ မရှိဆိုတာကိုလည်း အပတ်စဉ် ရှောင် တခင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်'' ဟု ကလေးခရိုင် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ကလေးဒေသအတွင်း မှတ်ပုံ တင်ထားခြင်းမရှိသည့် လိုင်စင်မဲ့ ဆေးဝါးများ၊ ရက်လွန်ဆေးများ၊ စပ် ဆေးများကို ဆေးဆိုင် ဈေးဆိုင်စစ် ဆေးမှုများ၊ သတိပေးမှုများ၊ သိမ်း ဆည်းမှတ်တမ်းတင်မှုများ ဆောင် ရွက်ထားကြောင်းနှင့် နောက်လများ တွင် ပြုလုပ်မည့်ရှောင်တခင် စစ်ဆေး မှုများ အပတ်စဉ် စစ်ဆေးမှုများတွင် တားဆီးထားသည့် ဆေးဝါးများ၊ ဆိုး ဆေးများ သုံးစွဲထားသည့် စား သောက်ကုန်စည်များ၊ တားဆီးပိတ် သိမ်းထားသော အစားအသောက် ကုန်စည်များ ထပ်မံတွေ့ရှိလာပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ မှု ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီများ အဆုံးအဖြတ်ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယင်းကော်မတီမှ တာဝန်ရှိ တစ်ဦးက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.