14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးရာသီ လိုအပ်ချက်ကြောင့် ဝါးနှင့်ဝါးကပ်ဈေးတက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်ကျေးလက်ဒေသတွင် မိုးရာသီ ဒေသတွင်း လိုအပ်ချက်ကြောင့် ဝါး နှင့် အိမ်ကာ ခြံကာ ဝါးကပ်ဈေးများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ကလေးဒေသတွင် ၂ဝ၁၅ သဘာဝရေဘေးသင့်မှု ခံစားရပြီး နောက် ဒေသတွင်း ကျေးရွာများရွာ လုံးကျွတ်ပြောင်းရွှေ့မှု အများအပြား ရှိခဲ့ပြီး အချို့ အိမ် ခြံ ပျက်စီးမှုများ ကြောင့် ယနေ့အချိန်ထိ ပြန်လည် ပြင်ဆင်မှုများရှိခဲ့ရာ လိုအပ်သည့် သစ်အစား ဝါးနှင့် ဝါးကပ်များကို အစားထိုးသုံးစွဲမှုများပြားကြောင်း ရေဘေးသင့် နတ်ကြီးကုန်းကျေးရွာမှ ဦးအောင်ဘက ပြောသည်။

ကလေးဒေသတွင် တစ်နှစ်ထက် တစ်နှစ်ဝါးတောများ ရှားပါးလာခြင်း၊ ဝါးအရည်အသွေးကျဆင်းခြင်းတို့ရှိ သော်လည်း ဝါးရှားပါးလာမှုကြောင့် ဝါးဈေးနှုန်းမြင့်တက်နေကြောင်း ဝါး အရောင်းပိုင်ရှင် ဦးဘပု(ကျီကုန်း) က ပြောသည်။

'ကလေးဒေသမှာ ဝါးတောကြီး တွေ နည်းပါးသွားတဲ့အတွက် အခု တော့ တမူးနယ်၊ မင်းကင်းနယ်၊ ဂန့် ဂေါနယ်ဘက်ကလာတဲ့ ဝါးတွေကို အမှီပြုဝယ်ယူသုံးစွဲနေရတယ်။ မိုးရာ သီမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဝါး တွေက အရည်အသွေးမမီပေမယ့် ဈေးနှုန်းကတော့ မြင့်တက်နေတယ်'' ဟု ဦးဘပုက ပြောသည်။

ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေချိန်ကလေးမြို့ပေါ်တွင် ယခင်တင်းဝါးတစ်လုံးကို ၈ဝဝ  ကျပ် ဝန်းကျင်သာ အရောင်းအဝယ် ဖြစ် သော်လည်း ယခုအခါ ၁ဝဝဝ ကျပ်မှ ၁၂ဝဝ ကျပ်အထိ အရောင်းအ ဝယ်ဖြစ်နေပြီး၊ မြင်ဝါးတစ်လုံးကို ၈ဝဝ ကျပ်၊ တစ်ပင်ဝါးတစ်လုံးကို ၆ဝဝ ကျပ်နှင့် သိုက်ဝါးတစ်လုံးကို ၃ဝဝဝ ကျပ်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ကလေးဒေသတွင် ယခင် အနှစ် ၃ဝ ဝန်းကျင်က ဘုန်းချောင်းတောမှ မြင်ဝါးထွက်ပြီး၊ နတ်တံခါးတောမှ တင်းဝါး၊ ကျောက်ခုတ်တောင်ရိုး၊ နွား တောင်၊ ထန်တောင်တောင်ရိုးများမှ ကြခတ်ဝါး၊ တင်းဝါး၊ မြင်ဝါး၊ တစ်ပင် တိုင်ဝါးထွက်ခဲ့သော်လည်း ယခုအခါ ဝါးတောများပျောက်ကွယ်လျက်ရှိ သည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.