14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ပြည်နယ် အစိုးရကထုတ်ဝေနေသည့် Rakhine Gazette အယ်ဒီတာများနှင့် သတင်းထောက်များ နုတ်ထွက်စာတင်

ရခိုင်ပြည်နယ်အစိုးရက ထုတ် ဝေနေသည့် Rakhine Gazette ဂျာနယ်မှ အယ်ဒီတာများနှင့် သတင်း ထောက်များအားလုံးသည် အဆိုပါ ဂျာနယ်တွင် တာဝန်ထမ်းဆောင်လို စိတ်မရှိတော့ဟုဆိုကာ ပြီးခဲ့သည့် အပတ်တွင် နုတ်ထွက်စာတင်လိုက် ကြကြောင်း သိရသည်။

အဆိုပါဂျာနယ်တွင် တာဝန်ထမ်းဆောင်နေကြသော အယ်ဒီတာများနှင့် သတင်းထောက်များအပါအဝင် ဒီဇိုင်နာစသည့် သတင်းအဖွဲ့  ခုနစ်ဦးတို့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီ များနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ထံ ယခုကဲ့သို့ စာတင်လိုက်ခြင်းဖြစ်သည်။

''သူတို့အစိုးရအဖွဲ့ရဲ့ မူဝါ တွေကို ကျွန်တော်တို့ကို ချပြပေးတာမရှိတဲ့အတွက် ကျွန်တော်တို့ လုပ်ရ ကိုင်ရတာ အခက်အခဲရှိပါတယ်။ ဒါ ကြောင့် သူတို့တွေနဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အခုလိုစာတင်ရတာပါ''ဟု နုတ်ထွက်လိုက်သူများတွင် ပါဝင်သူ ကိုညွှန့်ဝင်းက ဆိုသည်။

အဆိုပါဂျာနယ်တွင် တာဝန်ထမ်းဆောင်နေသူများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက အကြောင်းအရာအချက်အလက်ခိုင်မာမှုမရှိဘဲ သတင်းများရေးသားခိုင်းပြီး သတင်း ရေးသားရန် အချက်အလက်တောင်းလျှင်လည်း တိတိကျဖြေကြားပေးနိုင် ခြင်းမရှိ၍ သြဂုတ်လ ၁ ရက်မှ စတင်ကာ အလုပ်နုတ်ထွက်မည့်အကြောင်း စာထဲတွင် ရေးသားဖော်ပြထား သည်။

Rakhine Gazette ဂျာနယ်ကို NLD အစိုးရသစ်တက်လာပြီး နောက်ပိုင်း ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လမှစတင်ကာ တစ်လလျှင်နှစ်ကြိမ်ဖြင့် ထုတ်ဝေနေခြင်းဖြစ်သည်။

ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.