14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးချိန်၊ နွားစားကျက်များ ပျောက်ဆုံးနေပြီး နွားစာရှားပါးမှုများ ဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်အတွင်းမြစ်သာမြစ်၊ ချင်းတွင်း မြစ်ရေလျှံမှုနှင့် လယ်ယာစိုက်ပျိုး ချိန်ဖြစ်ရာ ဒေသတွင်း နွားစားကျက်၊ ကျွဲစားကျက်များ ပျောက်ဆုံးလျက်ရှိ ပြီး နွားစာအခက်အခဲ ကြုံတွေ့နေရ ကြောင်း ကလေးမြို့ ဖောင်ကူးရွာ နွားမွေးမြူ သူ ဦးကြည်က ပြောသည်။

ကလေးခရိုင်အတွင်း မင်းကင်း မြို့နှင့် ကလေးဝမြို့တို့မှာ ချင်းတွင်း မြစ်ရေလျှံမှုကြောင့် လယ်ယာများ ရေမြုပ်မှုများ ကြုံတွေ့ရပြီး နွားစား ကျက်များပါ ရေမြုပ်ပျက်စီးသွား ကြောင်းနှင့် ကလေးဒေသတွင်လည်း နွားလွှတ်ကျောင်းရာ နေရာများဖြစ် သည့် ဖောင်ကူး၊ ခံတက်အင်းကွင်း ပြင်၊ နေရဉ္စရာ မြစ်ရိုးတစ်လျှောက် ကွင်းပြင်များနှင့် မြစ်သာမြစ် အထက် ပိုင်းအင်းတင်၊ ပေါက်တောဒေသရှိ နွားစားကျက်ကွင်းပြင်များ ရေမြုပ် ပျက်စီးမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။

 ''ကျွန်တော်တို့ ကလေးဒေသမှာ ရေကြီးရေလျှံမှုတော့ အကြီးအကျယ် မဖြစ်သေးပါဘူး။ ဒါပေမယ့် မိုးရေ၊ မြစ်ရေကြောင့် အနိမ့်ပိုင်းကွင်းပြင် နွားစားကျက်နေရာတွေ ရေဝင်နစ် မြုပ်မှုရှိနေပါတယ်။ နောက်ပြီး အခု ချိန်က လယ်ယာလုပ်ငန်းဝင်ချိန်ဖြစ် တဲ့အတွက် နွားလွှတ်ကျောင်းဖို့ရာ နေရာရှားပါးပြီး နွားစာ ရိတ်ကျွေးဖို့ လည်း အခက်အခဲရှိပါတယ်''ဟု ယင်းက ပြောသည်။

 ကလေးဒေသသည် လယ်ယာ လုပ်ငန်းကို အဓိကထားလုပ်ကိုင် သည့် ဒေသဖြစ်ပြီး၊ ယခုလယ်ယာ လုပ်ငန်းခွင်ဝင်ချိန်တွင် လယ်ယာ လုပ်ငန်းလုပ်ကိုင်သည့် ခိုင်းနွားနှင့် မွေးမြူရေးနွား အကောင်သောင်းချီရှိ နေကြောင်းကလေးအခြေစိုက် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှတ်တမ်းများအရ သိရ သည်။

 ကလေးဒေသကျွဲနွားမွေးမြူမှု  ကို ကလေးမြို့နယ်ဖောင်ကူးရွာ၊ ကံကြီးရွာ၊ စုံလာမြိုင်ဒေသနှင့် ကလေးမြို့နယ် တောင်ပိုင်သံဖိုရွာ၊ ရွာစည်ရွာသာဝန်းကျင်တို့တွင် စီးပွား ဖြစ် နွားမွေးမြူရေး ခြံများရှိကြောင်း သိရသည်။

ကလေးမြို့နယ်တွင် မိုးစပါးစိုက် ဧက သောင်းချီရှိပြီး အခြားသီးနှံနှင့် ဥယျာဉ်ခြံမြေ နှစ်ရှည်သီးနှံပင် စိုက် ပျိုးသည့် မြေဧကမှာလည်း သောင်းချီ ရှိရာ နွားမွေးမြူရေးသမားများအ တွက် နွားစားကျက်ရှားပါးမှုကြုံနေရ ကြောင်း စခန်းကြီးရွာအနီး စုံလာမြိုင် နွားမွေးမြူသူ ဦးတင်ဌေးက ပြော သည်။

''ကလေးဒေသနွားမွေးမြူရေး သမားအများစုကတော့ နွားစာဝယ် ယူ ကျွေးမွေးတာမျိုးနည်းပါတယ်။ လွှတ်ကျောင်းတာများပါတယ်။ အခု ရက်ပိုင်းနွားစာကျက်တွေရေမြုပ်ပြီး ကျန်တဲ့ မြေနေရာတွေ အတော်များ များကလည်း လယ်တွေ၊ ဥယျာဉ်ခြံ မြေတွေဖြစ်လို့ ကျွန်တော်တို့ နွား သမားတွေ လယ်ကွင်းတွေ စိုက်ခင်း တွေနဲ့ လွတ်ရာ ကလေး-ဂန့်ဂေါလမ်း ချင်းတောင်ခြေရင်းအထိ လေးငါးမိုင် ခရီးသွားပြီး လွှတ်ကျောင်းနေရပါ တယ်''ဟု နွားမွေးမြူရေးသမားတစ်ဦး က ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.