14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောမြို့ ရေရှည်တည်တံ့ရေးနှင့် လူမှုအသိပညာမြှင့်တင်ရေးအတွက် မြို့မိမြို့ဖများနှင့် လူငယ်များ ဦးဆောင်မည့် လူမှုအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းမည်

မောင်တောမြို့ ရေရှည်တည်တံ့ ရေးနှင့် လူမှုအသိပညာမြှင့်တင်ရေးအတွက် မြို့မိမြို့ဖများနှင့် လူငယ်များ ဦးဆောင်မည့် လူမှုအဖွဲ့အစည်း တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဖွဲ့ဖြစ်မြောက်ရေးအတွက် ဖွဲ့စည်း ပုံ စည်းမျဉ်းရေးဆွဲရေးအဖွဲ့တစ်ဖွဲ့ကို စတင် ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။

 မောင်တောမြို့ မြို့မဘုန်းတော် ကြီး ကျောင်းတိုက်တွင် ဇူလိုင် ၂၂ ရက်က ပြုလုပ်ခဲ့သည့် မြို့ခံအစည်း အဝေးတွင် အထက်ပါအတိုင်း ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးကို ဦးဆောင်ကျင်းပသူ ဦးသာသာမောင် က ပြောသည်။

''လက်ရှိဖြစ်ပေါ်နေတဲ့ မောင် တောမြို့ရဲ့ အနေအထားအရ ခိုင်မာတည်မြဲတဲ့ လူမှုအဖွဲ့အစည်း တစ်ရပ် မရှိမဖြစ်လိုအပ်နေပါတယ်။ အဲဒီလိုပဲ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါနေတဲ့အတွက် လူ ကြီးနဲ့ လူငယ်ကြားမှာ လက်တွဲညီညီ နဲ့ မောင်တောမြို့ အစဉ်ရေရှည်တည် တံ့ဖို့ အခုလို အဖွဲ့ဖွဲ့စည်းဖို့ ဆောင် ရွက်ရတာဖြစ်ပါတယ်''ဟု ဦးသာသာ မောင်က ဆိုသည်။

လက်ရှိ မောင်တောမြို့နယ်တွင် အကြမ်းဖက်ဘင်္ဂါလီများနှင့် အစွန်း ရောက်ဘင်္ဂါလီတချို့ကြောင့် တိုင်း ရင်းသားများသည် စီးပွားရေး၊ လုံခြုံ ရေး၊ စားဝတ်နေရေးစသည့် အခက်အခဲပေါင်းများစွာကို ကြုံတွေ့နေရပြီး သတင်းမှားများကြောင့် ဒေသခံများ၏ ပုံရိပ်သည်လည်း ဆိုးဝါးနေ ကြောင်း မြို့မိမြို့ဖ ဦးအောင်မြင့် သိန်းက ပြောသည်။


မောင်ကံ

 

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.