19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အစိုးရက ကူညီထောက်ပံ့မှု အလွန်အားနည်းနေသေးဟုဆို

ရခိုင်ပြည်နယ်အတွင်းမှ ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများကို အစိုးရက ကူညီထောက်ပံ့ပေးမှု အလွန်တရာအားနည်းနေသေး ကြောင်း ဘ/က ကျောင်းထိုင်ဆရာ တော်များက မိန့်ကြားကြသည်။

ရခိုင်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှာ မြို့ပေါ် ထက် ကျေးလက်တောရွာများတွင် အများဆုံးတည်ရှိပြီး ငွေကြေးချို့တဲ့ သည့် ကျောင်းသူ၊ ကျောင်းသားများ ကို အဓိကထားသင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

''ကျောင်းစရိတ်အတွက် ငွေရေး ကြေးရေး အခက်အခဲရှိတယ်။ အစိုးရ ကျောင်းကိုသွားတက်ဖို့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတယ်စတဲ့ ကလေးတွေကို ဆရာတော်တို့က တာဝန်ယူသင်ကြားပေးနေတာဖြစ်ပါတယ်။ တကယ်ဆို အစိုးရကိုလည်း ဆရာ တော်တို့က တစ်စိတ်တစ်ပိုင်း ကူညီ ပေးတာဖြစ်တဲ့အတွက် ဘ/က ကျောင်း ရေရှည်ဖွံ့ဖြိုးရေးအပိုင်းတွေ ကိုလည်း အစိုးရက ငဲ့စောင်းပေးသင့်ပါတယ်''ဟု ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၏ ကျောင်း ထိုင်ဆရာတော် ဦးပညာသာမိက မိန့် သည်။

 ရခိုင်ပြည်နယ်ရှိ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ၏ လို အပ်ချက်များကို အတတ်နိုင်ဆုံး ဖြေ ရှင်းပေးသွားမည်ဟုလည်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆို ထားသည်။

ရခိုင်ပြည်နယ်တွင် ဘုန်းတော် ကြီးသင် ပညာရေးကျောင်းပေါင်း ၁ဝဝ ခန့်ရှိပြီး မူလတန်းအဆင့်မှ အ ထက်တန်းအဆင့်ထိ ကျောင်းသားဦး ရေ ၁၅ဝဝဝ ခန့်ကို ဆရာ၊ ဆရာမ ၅ဝဝ ခန့်က ပညာသင်ကြားပေး လျက်ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်မှ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို ဒေသ တွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေဖြင့်လည်း စိတ်ဝင်စားမှုအား နည်းကာ ကူညီထောက်ပံ့မှုများ မတွေ့ရကြောင်းလည်း သိရသည်။

ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.