19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြောက်ပိုင်းချင်းတောင်ပေါ်လမ်းများတွင် တောင်ပြိုလမ်းပိတ်မှုများကြောင့် တောင်ပေါ်သွားကားများ စောင့်ဆိုင်းနေကြရ

ချင်းပြည်နယ် မြောက်ပိုင်းနှင့် ဆက်သွယ်သွားလာရေးတွင် အရေး ပါသည့် ကလေး-ဖလမ်း-ဟားခါး- တီးတိန်-ရိဒ်သွား ကားလမ်းများတွင် မိုးအဆက်မပြတ် ရွာသွန်းနေမှု ကြောင့် မြေပြိုလမ်းပျက်မှုများ မကြာ ခဏဖြစ်ပေါ်လျက်ရှိရာ ချင်းတောင် ပေါ် သွားကားများ စောင့်ဆိုင်းသွား လာနေကြရကြောင်း ကလေး-ဖလမ်း ပြေးဆွဲသည့် ခရီးသည်တင် ဖလမ်း သား ဘတ်စ်ကားဂိတ်တာဝန်ခံက ဇူလိုင်လ ၂၂ ရက်က ပြောသည်။

''ချင်းတောင်ပေါ်သွား ကား လမ်းတွေကတော့ တစ်နေရာမဟုတ် တစ်နေရာမှာကတော့ လမ်းပြိုလမ်း ပျက်မှုရှိနေတာဖြစ်ပါတယ်။ ဒါပေ မယ့် လမ်းဌာနက စက်ယန္တရားကြီး တွေ စောင့်ပြီး ပြုပြင်ပေးနေတဲ့အ တွက် ညအိပ်စောင့်ရတာမျိုးတော့ မရှိပါဘူး။ သတ်မှတ်ထားတဲ့အချိန် ထက် နောက်ကျပြီးမှ ရောက်တာမျိုး ကတော့ ရှိတယ်''ဟု ဖလမ်းသား ဘတ်စ်ကား ဒရိုင်ဘာ ကိုကိုထန်က ပြောသည်။

ကလေးမြို့နှင့် မြောက်ပိုင်းချင်း တောင်ဆက်သွယ်သွားလာရေးလမ်းမ ကြီးများနှင့် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး များကို ချင်းပြည်နယ်လမ်းဌာနမှ ၂ဝ၁၅ ခုနှစ်မှ အစပြု၍ လမ်း အဆင့်မြှင့်တင်မှုများ၊ လမ်းတိုးချဲ့ ဖောက်လုပ်မှုများဆောင်ရွက်ခဲ့ရာ လမ်းများ ပိုမိုကောင်းမွန်မှုများရှိသော် လည်း ကလေး-သိုင်းငင်းအကြား ဟျောင်ဇိန်ရွာ၊ ထေးဇန်ရွာ ဝန်းကျင် တွင်လည်းကောင်း၊ သိုင်းငင်း- တီး တိန်-ရိဒ်နယ်စပ် ကုန်သွယ်ရေး လမ်း မကြီးတွင် သိုင်းငင်း-တီးတိန်အကြား၊ တီးတိန်-မန်ဆောင်းတံတား ဝန်းကျင် နေရာများမှာ ယခုနှစ်မိုးရာသီတွင် လမ်းပြိုလမ်းပျက်မှု အများဆုံးဖြစ် ပွားသည့်နေရာဖြစ်ကြောင်း သိရ သည်။

 ''ကျွန်တော်တို့ လမ်းပြုပြင်နေတဲ့ နေရာမှာ အလုပ်ချိန်အတွင်းဖြစ်တဲ့ မနက်ပိုင်း ၆ နာရီကနေ နေ့လယ် ၁၂ နာရီ၊ နေ့လယ် မွန်းလွဲ ၁ နာရီ ကနေ ညနေ ၅ နာရီ ဝန်းကျင်အထိ စက်ယန္တရားကြီးတွေနဲ့ လမ်းပြုပြင် ရေး၊ ရှင်းလင်းရေး လုပ်ကိုင်နေချိန်မှာ တော့ ချင်းတောင်ပေါ်သွားလာကြတဲ့ ကားဆိုင်ကယ်မိနစ်သုံးဆယ်လေး ဆယ် စောင့်ပေးဖို့ မေတ္တာရပ်ခံထား ပါတယ်။ အရေးပေါ်ကား၊ လူနာတင် ကားဆိုတာမျိုးကတော့ အချိန်နဲ့တပြေးညီသွားလာနိုင်အောင် ဆောင် ရွက်ပေးနေပါတယ်''ဟု ဖလမ်းမြို့ အခြေစိုက်လမ်းဌာနမှ တာဝန်ရှိတစ် ဦးက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.