24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပြည်ပမှ အဝယ်သွက်လာသဖြင့် မြန်မာ့လျှော်ဖြူ နှစ်ပေါင်းလေးဆယ်ကျော်အတွင်း အမြင့်ဆုံးဈေးနှုန်းရရှိလာ

ပြည်ပမှ အဝယ်သွက်လာသဖြင့် မြန်မာ့လျှော်ဖြူဈေးကွက် နှစ်ပေါင်း လေးဆယ်ကျော်အတွင်း အမြင့်ဆုံး ဈေးသို့ရောက်ရှိလာခဲ့ကြောင်း မြန်မာ နိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း၏ သတင်း များအရ သိရသည်။             လျှော်ဖြူကို ပြည်တွင်းဈေးကွက် များတွင် ဆေးကုလားမဟုသာ လူသိ များပြီး တိုင်းရင်းဆေးဖော်စပ်ရာနှင့် အအေးဆိုင်များတွင် ဖျော်ရည်အဖြစ် သာ အသုံးပြုနေသဖြင့် ပြည်တွင်း ဈေးကွက်တွင် တွင်ကျယ်မှုမရှိ၊ ဈေး နှုန်းရရှိမှုမှာလည်း နည်းပါးနေသဖြင့် စိုက်ပျိုးထုတ်လုပ်မှုလည်း နည်းပါး နေခဲ့ကြောင်း၊ ၁၉၇ဝ ခုနှစ်ကျော် ကာလမှ စ၍ ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းများဖြစ်လာခဲ့သော်လည်း တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်း အောက်မှာပင် ဈေးနှုန်းရှိနေကြောင်း၊ ယခုအခါ နိုင်ငံတကာ၌ လျှော်ဖြူကို အလှကုန် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဆိုးပန်း ပန်းရိုက် လုပ်ငန်းများ၊ ကားမှန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် နေရောင်ခြည် ကာ ကွယ်လိမ်း ဆေးလုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြဖြင့် လျှော်ဖြူ ဈေးကွက် အဝယ်သွက်လာ ကာ နှစ်ပေါင်းလေးဆယ်ကျော် ငါး ဆယ်နီးပါးတွင် အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 လျှော်ဖြူဈေးကွက်တွင် ပထမ တန်းစား၊ ဒုတိယတန်းစား၊ တတိယ တန်းစားနှင့် အညံ့စားဟူ၍ အဆင့် အတန်းလေးမျိုးရှိရာ ယခင်က ပထမ တန်းစား အမျိုးအစားလျှော်ဖြူများမှာ တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်း ခန့်သာ ဈေးနှုန်းရရှိနေပြီး အညံ့စား လျှော်ဖြူများကိုမူ ဝယ်ယူသူပင်မရှိဟု ဆိုသည်။ ယခုအခါ အညံ့စားလျှော် ဖြူများကိုပင်လျှင် တစ်ပိဿာနှစ် ထောင်ကျပ်နှုန်းနှင့် ဝယ်ယူမှုများရှိ နေပြီး ပထမတန်းစားလျှော်ဖြူ တစ် ပိဿာငွေကျပ် ၃၅ဝဝဝ ကျပ်၊ ဒုတိ ယ တန်းစား လျှော်ဖြူ တစ်ပိဿာ လျှင် ငွေကျပ် ၂ဝဝဝဝ ကျပ်နှင့် တတိယတန်းစား လျှော်ဖြူ တစ်ပိဿာ လျှင် ငွေကျပ် ၁၅ဝဝဝ ကျပ်အထိ ပေါက်ဈေးရရှိနေကြောင်း၊ လက်ရှိ တွင် မြန်မာ့လျှော်ဖြူများကို တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှ အများဆုံး ဝယ်ယူနေကြောင်း သိရသည်။      


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.