24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ သမဝါယမအသင်း ကိုးရာကျော်အတွက် အသေးစား အရင်းအနှီးချေးငွေအဖြစ် ငွေကျပ် ၁၁ ဘီလီယံကျော် ကို ပြည်နယ်သမဝါယမ ဦးစီးဌာနက ထုတ်ချေး

ရခိုင်ပြည်နယ်အတွင်း မြို့နယ် များရှိ သမဝါယမအသင်း ကိုးရာ ကျော်အတွက် အသေးစား အရင်းအ နှီးချေးငွေအဖြစ် ငွေကျပ် ၁၁ ဘီလီ ယံကျော်ကို ပြည်နယ် သမဝါယမ ဦးစီးဌာနက ထုတ်ချေးထားကြောင်း သတင်းရရှိသည်။

အဆိုပါ အရင်းအနှီးချေးငွေများ ကို ဇူလိုင် ၁၅ ရက်က စစ်တွေမြို့ရှိ ပြည်နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမ်းအနားပြုလုပ်၍ ထုတ်ချေးပေး ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်သမဝါ ယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းအပြင် မြို့နယ် ငါးမြို့နယ် အတွက် လယ်ယာသုံး စက်ကိရိယာ ၇၆ စီးဝယ်ယူရန် ငွေကျပ် ၁၈၄ ဒသမ ၆၆ သန်းကို ထုတ်ချေးပေးခဲ့ ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်သားရှားပါးမှုကို ကြုံတွေ့နေရပြီး လူလုပ်သားနေရာတွင် စက်ကိရိယာ များကို အစားထိုးဆောင်ရွက်နေရ ကြောင်း မောင်တောမြို့နယ် ခြံပြင် ကျေးရွာမှ တောင်သူ ဦးမိုးချေက ပြောသည်။

''အစိုးရက ထောက်ပံ့တာတွေရှိ သလို သမဝါယမကလည်း အရင်း အနှီးချေးငွေတွေ ထုတ်ချေးပေးတော့ ကိုယ့်ရဲ့ လုပ်ငန်းကို အသက်ဆက် လို့ရနေတာပေါ့။ မဟုတ်ရင် တောင် သူတွေ စပါးမစိုက်ဖြစ်တာ ကြာသွား ပြီဖြစ်ပါတယ်''ဟု ဦးမိုးချေက ဆို သည်။

ယခုနှစ် ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများ အတွက်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်က ငွေကျပ် ၉၁ ဘီလီယံ ကျော် ထုတ်ချေးရန် လျာထားတာ ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် (ပြည်နယ်ဘဏ်ခွဲ) မှ သတင်း ရရှိသည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.