24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာပြည် အခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက် ၁၉ ဦး မောင်တောခရိုင်သို့ လာရောက်သတင်းယူ

မြန်မာပြည်အခြေစိုက် ပြည်ပ သတင်းဌာနများမှ သတင်းထောက် ၁၉ ဦးသည် အစိုးရ အစီအစဉ်ဖြင့် မောင်တောခရိုင်အတွင်းမှ ကျေးရွာ လေးရွာကို သွားရောက်လေ့လာခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ သတင်းထောက်များ သည် ဇူလိုင် ၁၄ ရက်က ဘူးသီး တောင်မြို့နယ်ရှိ တောင်ဘဇာ၊ မောင် နှမနှင့် တင်းမေကျေးရွာများကို သွား ရောက်လေ့လာခဲ့ပြီး ယင်းနေ့၌ပင် မောင်တောအခြေစိုက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံခဲ့ကြောင်း လွတ်လပ်သော အာရှအသျွံင်္ဗ သတင်းဌာနမှ ကိုမင်းသိန်းအောင်က ပြောသည်။

''ဒီတစ်ခေါက် မောင်တောခရိုင် မှာ သတင်းယူရတာ လွတ်လပ်မှုရှိပါ တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းဆောင်ရွက်ကြပါတယ်''ဟု ကိုမင်းသိန်းအောင်က ပြောသည်။

သတင်းထောက်များအဖွဲ့သည် ဇူလိုင် ၁၅ ရက်တွင် မောင်တောမြို့ နယ် ကျားခေါင်းတောင်ကျေးရွာသို့ သွားရောက်ကာ လိုအပ်သော တွေ့ဆုံ မေးမြန်းမှုများကို ဆောင်ရွက်ခဲ့ပြီး ယင်းနေ့၌ပင် မောင်တောမြို့မှ စစ် တွေ့မြို့သို့ ပြန်လည်ထွက်ခွာခဲ့ ကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်တွင် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဆေးသမား ဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာခဲ့ ကြောင်း ကိုမင်းသိန်းအောင်က ဆက် ပြောသည်။

 မောင်တောခရိုင်သို့ တတိယ အကြိမ်အဖြစ် လာရောက်လေ့လာခဲ့ သည့် သတင်းဌာနများမှာ AFP, VOA, BBC, RFA, ABC, AP, NHK နစ်ကေး၊ ရိုက်တာ၊ တီဗွီအဆာဟိ၊ ဖရင်တီးယား၊ ဆင်ဟွာ၊ စီအင်န် အေ၊ အမ်အေတီဗွီနှင့် ကျိုဒိုနယူးစ် သတင်းဌာနများပါဝင်ကြောင်း သိရ သည်။

 ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က နယ်ခြား စောင့်ရဲဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို အကြမ်းဖက်ဘင်္ဂါလီများက စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် မောင်တော ခရိုင်ကို လုံခြုံရေးတင်းကျပ်ကာ သတင်းမီဒီယာသမားများ ဝင်ရောက် ခွင့်ကိုလည်း ကန့်သတ်ခဲ့သည်။

ယင်းသို့ ကန့်သတ်ထားခြင်း သည် သတင်းစီးဆင်းမှုအား အတား အဆီးဖြစ်စေသည့်အတွက် ရခိုင်ပြည် နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ သည့် အကျပ်အတည်းပြဿနာများ နှင့် ပတ်သက်၍ အစိုးရမှ ထိရောက် ၍ ပွင့်လင်းမြင်သာမှုရှိသည့် မူဝါဒ များ ချမှတ်ကာ ဖြေရှင်းသွားရန် ကြိုး စားမှုများအပေါ် မလိုလားအပ်သည့် အကျိုးဆုတ်ယုတ်မှုများ ဖြစ်ပေါ်စေ နိုင်သဖြင့် သတင်းထောက်များအား ပုံမှန် လွတ်လပ်စွာ သွားလာ၍ သတင်းယူရန် ခွင့်ပြုသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က အကြံပြုထားသည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.