24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နှစ်နိုင်ငံ လေကြောင်း ပျံသန်းရေး သဘောတူစာချုပ် ၄၈ ခု ချုပ်ဆိုထားပြီးဖြစ်

နိုင်ငံတကာသို့ လေကြောင်း လိုင်းများ ဆက်သွယ်ပျံသန်းနိုင်ရေးအ တွက် နှစ်နိုင်ငံလေကြောင်း ပျံသန်း ရေး သဘောတူစာချုပ် ၄၈ ခုချုပ်ဆို ထားပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသတင်းများ အရ သိရသည်။ ထို့အပြင် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက် နမ်နိုင်ငံပါဝင်သည့် KLMV  လေး နိုင်ငံဒေသတွင်းမူဘောင်သဘောတူ စာချုပ်၊ မြန်မာ-ဘူတန်၊ မြန်မာ- နယ်သာလန် လေကြောင်း သဘော တူစာချုပ်များကို ချုပ်ဆိုခဲ့ပြီး မြန်မာ- အင်ဒိုနီးရှားလေကြောင်းလိုင်း သဘောတူစာချုပ်သစ် ချုပ်ဆိုရန် လည်း မူကြမ်းများ ရေးဆွဲခဲ့ပြီးဖြစ် သည်။ လက်ရှိတွင် မြန်မာအမျိုးသား လေကြောင်း လိုင်းအနေနှင့် ပြည် တွင်း လေဆိပ် ၂၈ ခုသို့ ပုံမှန်ပျံသန်း ပြေးဆွဲပေးနေပြီး ရန်ကုန်-စင်ကာပူ- ရန်ကုန်။ ရန်ကုန်-မန္တလေး-ဘန် ကောက်-ရန်ကုန်။ ရန်ကုန်၊ ဟောင် ကောင်ခရီးစဉ်များနှင့် ဗုဒ္ဓဂယာ ခရီး စဉ်၊ ချင်းမိုင်ခရီးစဉ်များကိုလည်း တိုး ချဲ့ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

 မြန်မာအမျိုးသား လေကြောင်း လိုင်းအနေနှင့် ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ခရီးသည် ငါးသိန်းနှစ်သောင်းကျော်အထိ သယ် ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး လေယာဉ် လက်မှတ်များကိုလည်း တစ်ကမ္ဘာလုံး မှ အွန်လိုင်းစနစ်နှင့် ဝယ်ယူရရှိနိုင် ရေး ဆောင်ရွက်ပေးခဲ့သဖြင့် ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်လည်း ယခင်ဘဏ္ဍာနှစ်ကထက် ခရီးသည် စီးနင်းလိုက်ပါမှု နှစ်ဆအထိ ပိုမိုတိုး တက်များပြားလာမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။           

 ထို့အပြင် မြန်မာအမျိုးသား လေကြောင်းလိုင်းအား ကော်ပိုရေးရှင်း အသွင်ပြောင်းလဲ၍ ပြည်တွင်းပြည်ပ ခရီးများအတွက် လေယာဉ်စီးလုံးငှား ဝန်ဆောင်မှုများနှင့် ARTျ လေယာဉ် များကို ပြည်တွင်းမှာပင် အကြီးစား ပြင်ဆင်မှုလုပ်ငန်းများ လုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ သည်။ မြန်မာ့လေကြောင်း ဈေးကွက် တွင် နိုင်ငံတကာ လေကြောင်းလိုင်း ၃၂ လိုင်းနှင့် ပြည်တွင်းလေကြောင်း လိုင်း ၁ဝ လိုင်းအထိ ပျံသန်းပြေးဆွဲ လျက်ရှိကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.