19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဆန်ဖောက်သည် ဈေးကွက်သစ် မွန်တီနီဂရိုးနိုင်ငံသို့ ဆန်ကွဲများ တင်ပို့

ဇွန်လကုန်ပိုင်းတွင် မွန်တီနီဂရိုး နိုင်ငံအား မြန်မာ့ဆန်ဖောက်သည် ဈေးကွက်အဖြစ် ထပ်မံချိပ်ဆက်တင် ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

အာဖရိကနိုင်ငံများအနေနှင့် အကျိုးအကြေ များသည့် ၂၅ မှတ် အမျိုးအစားဆန်များနှင့် ဆန်ကွဲများ ကိုသာ အများဆုံး ဝယ်ယူနေသည့် ဈေးကွက်တစ်ခုဖြစ်သည်။ မက်ဒါဂါ စတား၊ ဘီနင်၊ တောင်အာဖရိက၊ ဆီနီဂေါ စသည့်နိုင်ငံများမှ စတင်မှာ ယူစဉ်ကလည်း ဆန်ကွဲများကိုသာ စတင်မှာယူခဲ့ကြပြီး ယခုအခါဆန် များကိုမှာယူ တင်သွင်းနေကြပြီဖြစ် သည်။

ယခု ဈေးကွက်သစ်အဖြစ် ထပ် မံချိပ်ဆက်ရရှိလာသည့် မွန်တီနီဂရိုး နိုင်ငံသို့ တန်ချိန် ၁ဝဝ ကို ဇွန်လ နောက်ဆုံးပတ်က တင်ပို့ထားပြီး ဖြစ် ကြောင်း သိရသည်။

 စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန သတင်းများအ ရ ၂ဝ၁၇ ခုနှစ် ဇွန် ၂၅ ရက်မှ ဇူလိုင် လ ၁ ရက်အထိ သီတင်းပတ်တစ် ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၁၇  သန်း တန်ဖိုးရှိဆန် ကွဲ ၁၇၅၉၇ တန် တင်ပို့ခဲ့ရာတွင် ဖောက်သည်ဈေးကွက်သစ်နိုင်ငံဖြစ် သည့် မွန်တီနီဂရိုးနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၁ဝဝ၊ တောင်အာဖရိက နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၃ဝဝ၊ ဆီနီ ဂေါနိုင်ငံသို့ တန် ၅ဝဝ၊ စင်ကာပူနိုင်ငံ သို့ တန်ချိန် ၅ဝ၊ အင်ဒိုနီးရှားနိုင်ငံ သို့ ၂၇၂၅ တန်၊ မလေးရှားနိုင်ငံသို့ ၁ဝ၄ တန်၊ အီးယူ နိုင်ငံသို့ ၁၃၈၁၈ တန် တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုအတူ အဆိုပါ ကာလအ တွင်း ပင်လယ်ရေကြောင်း ကုန်သွယ် ရေး လမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ဝ၆ သန်း တန် ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန် ၂၂ဝ၉၃ တန်ကိုလည်း တင်ပို့ရောင်းချပေးခဲ့ ရာ တောင်အာဖရိကသို့ ဧည့်မထဆန် တန်ချိန် ၅ဝဝ၊ ဘီနင်နိုင်ငံသို့ ဧည့်မ ထဆန် ၁၂၅  တန်၊ ဆီနီဂေါနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၂၅ဝ၊ မက်ဒါ ဂါ စတားနိုင်ငံသို့ ဧည့်မထဆန် ၉၂၅ တန်၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၉၂၅ တန်နှင့် ဧည့်မထဆန် ၁၄၄၅ တန်၊ ရုရှားနိုင်ငံသို့ ပေါင်းဆန်တန်ချိန် ၁ဝဝ နှင့် ဧည့်မထဆန် ၈၂၅ တန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် ၈၇၅ တန်၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မ ထ ဆန် ၂၁၂၅ တန်၊ စင်ကာပူနိုင်ငံ သို့ ဧည့်မထဆန် ၆၂၃ တန်နှင့် ငစိန် တန်ချိန် ၅ဝ၊ တရုတ်နိုင်ငံသို့ ဧည့်မ ထဆန် တန်ချိန် ၂ဝဝ တင်ပို့ပေးခဲ့ ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဇွန်လအတွင်း ပင် လယ်ရေကြောင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၅၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၈၈၁ဝ တင်ပို့ရောင်းချပေးခဲ့ရ သည်။
ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.