14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ပြည်နယ် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်း တချို့ ဥပဒေနှင့်မညီဟု လွှတ်တော် ဥက္ကဋ္ဌ သတိပေး

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က  ဆောင်ရွက်နေသည့် စီမံကိန်းတချို့ သည် ဥပဒေနှင့် ညီညွတ်မှုမရှိ ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက သတိပေး ပြောကြားလိုက်သည်။

   ဇူလိုင်လ ၁၈ ရက်က ကျင်းပ သည့် ရခိုင်ပြည်နယ်လွှတ်တော် အ စည်းအဝေးတွင် ယခုကဲ့သို့ ပြော ကြားလိုက်ခြင်းဖြစ်သည်။

''မြောက်ဦးလွှတ်တော် ကိုယ်စား လှယ် ဦးထွန်းသာစိန်က မြို့သစ် တည်ဖို့ အဆိုတင်တယ်။ ကိုယ်စား လှယ် သုံးယောက်ကလည်း ထောက် ခံပြီး ဆွေးနွေးခဲ့တယ်။ အစိုးရက လည်း မြို့သစ်တည်ဖို့အတွက် ဆောင်ရွက်နေပါပြီ။ အစီအမံတွေ ချထားပါပြီ ဆိုပြီးတော့ တင်ကြ တယ်။ ဒီလောက် ကြီးကျယ်တဲ့ စီမံ ကိန်းတစ်ခုကို လုပ်ဆောင်နေတယ် ဆိုတာကို ဒေသခံလွှတ်တော်ကိုယ် စားလှယ် မသိဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်လွှတ်တော် ဥက္ကဋ္ဌ ကိုယ် တိုင်လည်း မသိဘူး။ အစိုးရအဖွဲ့ မြို့ သစ်တည်ဖို့ လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့ လွှတ်တော်က ဘာတစ် ခုမှ မသိရဘူး''ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ယင်းကဲ့သို့ စီမံကိန်းကြီးများကို ရခိုင်ပြည်နယ် အစိုးရက ပြည်နယ် လွှတ်တော်သို့ အသိပေးတင်ပြခြင်း မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ် မှုမရှိဟု လွှတ်တော်ဥက္ကဋ္ဌက ထောက် ပြလိုက်ခြင်းဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၅၁ တွင် ဖော်ပြထားသည် မှာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒ များနှင့်သော်လည်းကောင်း၊ ပြည် ထောင်စု ဥပဒေများနှင့်သော်လည်း ကောင်း၊ မဆန့်ကျင်စေဘဲ တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ်အ တွက် အကောင်အထည်ဖော်ဆောင် ရွက်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း သည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား သည်ကိုလည်း လေ့လာသိရှိရသည်။

အစိုးရအနေဖြင့် စီမံကိန်းနှင့် လုပ်မည့် ကိစ္စရပ်များ ဆောင်ရွက်ရာ တွင် လွှတ်တော်ကို အသိပေးတင်ပြ ရမည်ဖြစ်ပြီး ပြည်သူ့အကျိုးစီးပွားအ တွက် စီမံကိန်းလုပ်ဆောင်ရန် လိုအပ် လာပါက လွှတ်တော်သို့ တင်သွင်းရ မည်ဖြစ်သည်ဟုလည်း ဆိုသည်။ ယင်းသို့ တင်သွင်းပြီးနောက် စီမံကိန်း ကို အကောင်အထည်ဖော်သင့် မဖော် သင့်ကို လွှတ်တော်က စနစ်တကျ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ပေးသွား ရမည်ဖြစ်ကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသွားခဲ့သည်။

ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.