14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရေကြီး ရေလျှံမှုကြောင့် ခေတ္တရပ်ဆိုင်းထားခဲ့သည့် မုံရွာ-ခန္တီးအမြန်ရေယာဉ်များ ဇူလိုင် ၁၉ ရက်မှ စတင်ပြန်လည်ပြေးဆွဲ

ချင်းတွင်းမြစ် ရေကြီးရေလျှံမှု ကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲ သည့် ကုန်တင်ရေယာဉ်၊ လူစီးအမြန် ရေယာဉ်များ မလိုလားအပ်သော အန္တရာယ်များ မကျရောက်စေရန် မုံရွာ-ကလေးဝ-ဟုမ္မလင်း-ခန္တီးပြေး ဆွဲသည့် ရေယာဉ်များကို ဇူလိုင်လ ၅ ရက်မှ စတင်ပိတ်ထားခဲ့ရာ ချင်း တွင်းမြစ်ရိုးတစ်လျှောက် မြို့ရွာများ တွင် မြစ်ရေများ ကျဆင်းနေပြီဖြစ်သ ဖြင့် ဇူလိုင် ၁၉ ရက်မှ စတင်ပြန် လည် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ် ကြောင်း ကလေးဝ အခြေစိုက် ပုဂ္ဂလိ က ရေယာဉ်များ စနစ်တကျပြေးဆွဲ ရေးကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။

''ဇူလိုင် ၁၉ ရက် မနက်မှာ မုံရွာ ကနေ အညာဆန်ရေယာဉ်တွေ ထွက်လာကြမယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြစ်ရေ ကျသွားပြီဖြစ်တဲ့အတွက် ခရီးသည် တင်၊ ကုန်တင်ရေယာဉ်တွေ ပုံမှန်ပြန် လည်ပြေးဆွဲမှာဖြစ်ပါတယ်။ ဒါပေ မယ့် ကုန်ချိန်၊ ခရီးသည် သတ်မှတ် ချက်ထက်ကျော်လွန်တင်အောင်လာ တဲ့ ရေယာဉ်တွေကိုတော့ အရေးယူ တားဆီးသွားမှာဖြစ်ပြီး ရေယာဉ် တွေမှာ အသက်ကယ် အင်္ကျီ၊ မီးသတ် ဘူး၊ ပလပ်စတစ်ပုံး၊ ရေယာဉ်ကြံ့ ခိုင်မှု၊ လိုင်စင်တို့ကိုတော့ အသေချာ စိစစ်မှာဖြစ်ပါတယ်''ဟု ကလေးဝမြို့ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီမှ တာဝန်ရှိ ဦးမောင်မောင်သန်းက ပြောသည်။

 ချင်းတွင်းမြစ်ဖျား ခန္တီးမြို့သည် ဇူလိုင်လဆန်းမှစ၍ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့်အ တွက် ဇူလိုင်လ ၅ ရက်မှ စတင်ကာ ခန္တီးအခြေပြု ရေယာဉ် လိုင်းများကို ပိတ်ထားခဲ့ပြီး မုံရွာ-ကလေးဝ-ဟုမ္မလင်း-ခန္တီးရေယာဉ် လိုင်းများ၊ ကုန်တင်ရေယာဉ်များကို ဇူလိုင် ၈ ရက်မှ စတင်ပိတ်ထားခဲ့သည်။ ဇူလိုင် လ ၁၆ ရက်မှ အစပြု၍ ချင်းတွင်း မြစ်ရိုးတစ်လျှောက်တွင် မြစ်ရေကျ ဆင်းနေပြီဖြစ်သဖြင့် ဇူလိုင် ၁၉ ရက် တွင် ချင်းတွင်းမြစ် အညာ ဆန်ရေ ယာဉ်များကို ပြန်လည်ပြေးဆွဲ ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း မုံရွာအခြေစိုက် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီမှ တာဝန်ရှိ တစ်ဦးက ပြောသည်။

မုံရွာ-ဟုမ္မလင်း-ခန္တီး ခရီးစဉ်၌ အမြန်ရေယာဉ်အသင်း ကိုးသင်းမှ ရေယာဉ် ၁၂၉ စင်းဖြင့်လည်းကောင်း၊ ချင်းတွင်း အညာဆန်ကုန်တင်ရေ ယာဉ် အသင်း ၁၈ သင်းမှ ရေယာဉ် အစီး ၄၇ဝ တို့ဖြင့် ချင်းတွင်းမြစ် အတွင်း ကုန်စည်ပို့ဆောင်ရေး၊ ခရီး သည်ပို့ဆောင်ရေးတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 ဇူလိုင် ၁၉ ရက် ကလေးဝမြို့ အခြေစိုက် မိုးဇလရုံး၏ ထုတ်ပြန် ချက်အရ ခန္တီးမြို့တွင် ၇၂၆ စင်တီမီ တာ (စိုးရိမ် ၁၃၆ဝ)၊ ဟုမ္မလင်းမြို့ တွင် ၂၆၁၄ စင်တီမီတာ (စိုးရိမ် ၂၉ဝဝ) ဖောင်းပြင်မြို့တွင် ၁၂၇ဝ စင်တီမီတာ (စိုးရိမ် ၁၂၇၉) မော် လိုက်မြို့တွင် ၁၂ဝ၄ စင်တီမီတာ (စိုးရိမ် ၁၂၃ဝ) ၊ ကလေးဝမြို့တွင် ၁၅၃ဝ စင်တီမီတာ (စိုးရိမ် ၁၅၅ဝ) မင်းကင်းမြို့တွင် ၁၂၁၈ စင်တီမီတာ (စိုးရိမ် ၁၃၅ဝ) ကနီမြို့တွင် ၁၂၃၇ စင်တီမီတာ (စိုးရိမ် ၁၂၇ဝ) မုံရွာမြို့ တွင် ၁ဝ၂၅ စင်တီမီတာ၊ (စိုးရိမ် ၁ဝဝဝ) ဖြစ်ကြောင်း သိရသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.