14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဇူလိုင် ပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ ငရုတ်ကောင်း ၁ဝ တန်ကျော် တင်ပို့

မြန်မာ ငရုတ်ကောင်းများအား မြန်မာ-အိန္ဒိယ နယ်စပ်ဒေသရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းများ မှ  ဇူလိုင် ၁ ရက်မှ ၇ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၂၉ သန်း တန်ဖိုးရှိ ငရုတ်ကောင်း ၁ဝ တန် ကျော်ကို တင်ပို့ရောင်းချပေးခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်း များအရ သိရသည်။

ထိုသို့ တင်ပို့ရောင်းချရာတွင် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၁၈ သန်း တန်ဖိုးရှိ ငရုတ်ကောင်း ရှစ်တန်နီးပါးနှင့် တမူးနယ်စပ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ် လာ သုည ဒသမ ဝ၁၁ သန်းတန်ဖိုးရှိ ငရုတ်ကောင်း ၁ဝ တန်ကို တင်ပို့ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

 ငရုတ်ကောင်းများကို ယခင်တစ် ပတ်က တင်ပို့ခဲ့ခြင်းမရှိဘဲ ယခုတစ် ပတ်မှသာ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ် သည်။

 ရိဒ်ကုန်သွယ်ရေးစခန်းမှ ငရုတ် ကောင်းအပြင် အမေရိကန် ဒေါ်လာ သုည ဒသမ ၄၇၇ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆ဝဝ နီးပါး၊ တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ် လာ သုည ဒသမ ဝဝ၁ သန်းတန်ဖိုးရှိ ပဲပုပ်စေ့နှစ်တန်ခွဲ၊ အမေရိကန်ဒေါ် လာ သုည ဒသမ ဝ၂၄ သန်း တန်ဖိုးရှိ ကွမ်းသီး ၂၇ တန်ကျော်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၇ သန်း တန်ဖိုးရှိ စီးကရက်နှစ်တန်ကျော်နှင့် နန့်ဖာလုံ ဈေးမှ ပစ္စည်းအမယ်စုံ အမေရိကန်ဒေါ်လာ သုည ဒသ ၁၄၆ သန်း တန်ဖိုးတင်ပို့ရောင်းချပေး ခဲ့ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.