28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ မြို့တွင်းလမ်းများကို မြို့ အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် ပြုပြင်လျက်ရှိရာ ၂ဝ၁၇-၂ဝ၁၈ ဘတ်ဂျက်တွင် စည်ပင်သာယာငွေ လုံးငွေရင်းဖြင့် ကျပ်သိန်းပေါင်း ၄ဝ၅ သိန်း အကုန်အကျခံ အဆင့်မြှင့်တင် ပြုပြင်သွားမည်ဖြစ်ပြီး လမ်းမြေတူး ခြင်း၊ မြေညှိခြင်း လုပ်ငန်းများကို ကလေးဝ အခြေပြု ရောင်နီကုမ္ပဏီမှ စက်ယန္တရား၊ စက်သုံးဆီ အခမဲ့ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကလေးဝမြို့ မြို့နယ်စည်ပင် သာယာ ဌာနမှ တာဝန်ရှိ ဒေါ်အေးအေးခင်က ဇူလိုင် ၁၂ ရက်က ပြောသည်။

ကလေးဝမြို့တွင် လွန်ခဲ့သည့် နှစ်များမှအစပြု၍ မြို့တွင်းကတ္တရာလမ်းဟူ၍ ကလေး-ကလေးဝလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီး တစ်လမ်းတည်းသာ တည်ရှိခဲ့ခြင်း ဖြစ်ပြီး ယခုအစိုးရ သစ်လက်ထက်တွင် မြို့တွင်းလမ်းများကို ကွန်ကရက် လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်သည်။

''မိုးလေဝသကောင်းမွန်မယ်ဆို ရင် အခု ဇူလိုင်လကုန်ပိုင်းမှာ ကလေးဝတစ်မြို့လုံးလောက်နီးပါး ကွန်ကရစ်လမ်းခင်းပြီးနိုင်ပါတယ်။ အတွင်းပိုင်းလမ်းအချို့တော့ အနည်း အကျဉ်းကျန်နိုင်ပါသေးတယ်။ သို့ သော် အသွားအလာများပြားတဲ့ လမ်း အတော်များများကတော့ အစိုးရသစ် လက်ထက်မှာ လမ်းအဆင့်မြှင့်တင်မှု အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ကလေးဝမြို့ စည်ပင်သာယာရေး ကော်မတီမှ ဦးမောင်မောင်သန်းက ပြောသည်။

ကလေးဝမြို့ မြို့တွင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ သော လမ်းများမှာ အောင်သုခလမ်း (၃၉ဝx ၁၂x၆) ခွင့်ပြုငွေ (၆၂၂ ဝ၅ဝဝ) ကျပ်ဖြင့်လည်းကောင်း၊ နှင်း ဆီလမ်း (၁၂ဝx ၁၂x၆) ခွင့်ပြုငွေ ၁၇၁၆ဝဝဝ ကျပ်ဖြင့်လည်းကောင်း၊ ရုံးကြီးလမ်း (၂၅ဝx၁၂x၆) ခွင့်ပြုငွေ ၃၅၇၅ဝဝဝ ကျပ်ဖြင့်လည်းကောင်း၊ အောင်မေတ္တာလမ်း (၁၂ဝx၁၂x၆) ခွင့်ပြုငွေ ၁၇၁၆ဝဝဝ ကျပ်ဖြင့်လည်း ကောင်း၊ အောင်ချမ်းသာကွန်ကရစ် တံတား (၁၈x၁၂x၆) ခွင့်ပြုငွေ ၂၅ သိန်းဖြင့်လည်းကောင်း၊ အောင် ရတနာလမ်း (၃၆ဝx၁၂x၆) ခွင့်ပြု ငွေ ၅၄၃၄ဝဝဝ ကျပ်ဖြင့်လည်း ကောင်း၊ အောင်ရတနာ ကွန်ကရစ် တံတား (၂ဝx၅x၄) ခွင့်ပြုငွေ ၁၁၃၄၅ဝဝ ကျပ်ဖြင့်လည်းကောင်း၊ မစိန်ရွာ ကွန်ကရစ်လမ်း (၄၉၂ x၁၂x၆) ခွင့်ပြုငွေ ၇၈၆၅ဝဝဝ ကျပ် နှင့် ခြောက်လက်မ ရေပိုက်ရေပေး ဝေးခြင်း ၁၅ သိန်းတို့ကို ကလေးဝမြို့ စည်ပင်သာယာဌာနမှ ဆောင်ရွက်လျက်ရှိပြီး ကလေးဝမြို့ အမှတ် ၁ ရပ် ကွက်၊ ရန်အောင်မြေလမ်း (၃၅၅ x ၁၂x၆) ကို ခွင့်ပြုငွေ ၅ဝဝ၅ဝဝဝ ကျပ်ဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                                    

 ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.