28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ် နန်းဖာလုံဈေးတွင် အရောင်းအဝယ်ပါးနေ

မြန်မာ-အိန္ဒိယနယ်စပ်တွင် မငြိမ်သက်မှုများ မကြာခဏ ဖြစ်ပွား ကာ ယခုရက်ပိုင်းတွင် မိုးရက်ဆက် ရွာသွန်းနေမှုကြောင့် တစ်ဖက် အိန္ဒိယနိုင်ငံဘက်မှ ကုန်သည်များ လာရောက်မှုနည်းပါးနေသည့်အတွက်  နယ်စပ်နန်းဖာလုံဈေးတွင် အရောင်း အဝယ်ပါးလျက်ရှိကြောင်း နယ်စပ် ဈေးမှဈေးသည် ဒေါ်သန္တာက ပြော သည်။

မငြိမ်သက်တာတွေ ကြောင့် ဈေးရောင်းမကောင်းဘူး။ နောက်တစ်ခုက မိုးရာသီဆိုတော့ တမူးနယ်စပ်မှာ မိုးရက်ဆက်ရွာနေ တယ်။ တစ်နေကုန်မိုးရွာနေတာဆို တော့ ဈေးရောင်းဈေးဝယ်မလာဘူး'' ဟု ယင်းက ပြောသည်။

၂ဝ၁၇  ဇွန်လအတွင်းက တစ် ဖက်နိုင်ငံမှ မြန်မာနိုင်ငံဘက်မှ ရောင်းသော စားသောက်ကုန်စည် များအပေါ်  စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ပြီးချိန်မှ စတင်၍ အရောင်း အဝယ်ပါးခဲ့သည့်အပြင်  တမူးနယ် စပ်တွင် အရောင်းကောင်းခဲ့သည့် ကွမ်းသီးမှာလည်း တစ်ဖက်မှ ဝယ်ယူ မှုနည်းပါးသွားခဲ့ကြောင်း နယ်စပ် ဈေး သည်တစ်ဦးက ပြောသည်။ ယခု ဇူလိုင်လဆန်းပိုင်း နယ်စပ်နန်းဖာလုံ ဈေးတွင် ဒေသလယ်ယာမြေများမှ ထွက်ရှိသော သစ်သီးဝလံများ လူသုံး ကုန်ပစ္စည်းများပါ အရောင်းပါးလျက် ရှိကြောင်း သိရသည်။

နယ်စပ်နန်းဖာလုံဈေးကြီးကို ၁၉၉၇ ခုနစ်တွင် စတင်၍ ဆိုင်ခန်း ပေါင်း ၁၂၁၂ ခန်းဖြင့် ဖွင့်လှစ်ခဲ့ခြင်း  ဖြစ်သည်။ ယင်းဆိုင်ခန်းများတွင် ကုန်စိမ်းခန်း ၁၄ဝ၊ အသားတန်း ၁၄ ခန်း၊ စားသောက်ဆိုင်တန်း ၂ဝ ခန်း၊ ကုန်ခြောက်တန်း ၂၅၆ ခန်းဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ် ကာလက မြန်မာနိုင်ငံဘက်မှ ကွမ်း သီး ငရုတ်သီး၊ ကြက်သွန်မှ အစပြု ၍ လူသုံးကုန်မျိုးစုံ၊ စားသောက်ကုန် စည်မျိုးစုံ အရောင်းအဝယ်ဖြစ်ခဲ့ သည်။ တစ်ဖက်နိုင်ငံမှ အပြန်ကုန် စည်အဖြစ် ကားပစ္စည်း၊ ဆိုင်ကယ် ပစ္စည်း၊ စက်ဘီးပစ္စည်း၊ ဆေးပစ္စည်း မျိုးစုံ၊ အထည်အလိပ်၊ အလှကုန်၊ ပရဆေးပစ္စည်းများ ဝယ်ယူတင်သွင်း ခဲ့သည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.