16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သြဂုတ်လမှ စတင်၍ ဗဟိုအဆင့်ရှိ ဆေးရုံကြီး ၃၉ ရုံတွင် ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချပေးသွားမည်

၂ဝ၁၇ ခုနှစ် သြဂုတ်လမှ စတင်၍ ဗဟိုအဆင့်ရှိ ဆေးရုံကြီး ၃၉ ရုံတွင် ဆေးဆိုင်များ ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန သတင်းများအရ သိရသည်။         လူနာများ၏ အရေးပေါ် အခြေ အနေများတွင် လိုအပ်သော ဆေးဝါး များကို ပြင်ပဆေးဆိုင်များသို့ သွား ရောက် ဝယ်ယူရာတွင် အချိန်ကြန့် ကြာမှု၊ ဈေးနှုန်းမြင့်မားမှုနှင့် ဆေးဝါး အတုအပများနှင့် ကြုံတွေ့ရမှုများဖြစ်လာကာ လူနာများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် မဖြစ်မနေလိုအပ်နေသည့် ဆေးဝါးများကို အချိန်မီဝယ်ယူရရှိ နိုင်ရေး၊ စစ်မှန်သော ဆေးဝါးများကို ဈေးနှုန်းချိုသာစွာနှင့် ဝယ်ယူရရှိနိုင် ရေးအတွက် ဗဟိုအဆင့်ရှိ ဆေးရုံ ကြီး ၃၉ ရုံတွင် ဆေးဆိုင်များ ဖွင့်လှစ် ရောင်းချပေးသွားရန် စီစဉ်ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေး နိုင်ရေးအ တွက် ပုဂ္ဂလိကများသို့ လုပ်ငန်း တင် ဒါ ခေါ်ယူရောင်းချခြင်းမပြုလုပ်ဘဲ ဆေးရုံကြီးကြပ်မှု ကော်မတီရန်ပုံငွေ ဖြင့် ဆေးရုံကြီးကြပ်မှု ကော်မတီမှ ကြီးကြပ်ဆောင်ရွက်ရောင်းချပေး သွားမည်ဖြစ်ပြီး အမြတ်အစွန်းအ တွက် ၁ဝ ရာခိုင်နှုန်းထက်မပိုစေဘဲရရှိလာသည့် အမြတ်ငွေများကိုလည်း ဆေးရုံဝန်ထမ်းများအတွက် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆေးဆိုင်များကို ရန်ကုန်ဆေးရုံ ကြီးတွင် သုံးဆိုင်အထိ ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အောင်မြင်မှု ရရှိခဲ့ပါက ကုသရေး ဦးစီးလက်အောက် ရှိဆေးရုံများတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။           

 ထို့အပြင် ရန်ကုန် ဆေးရုံကြီး တွင် လူနာများ၊ လူနာရှင်များနှင့် ဆေးရုံဝန်ထမ်းများအနေနှင့် ကျန်း မာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်စုံသည့် ထမင်း၊ ဟင်းနှင့် စား သောက်ဖွယ်ရာများကို မျှတသော ဈေးနှုန်းနှင့် ဝယ်ယူစားသောက်နိုင်စေ ရေးအတွက် ထမင်းဆိုင်များနှင့် စား သောက်ဆိုင်များကိုလည်း ဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ရာ စား သောက်ဆိုင်နှင့် ထမင်းဆိုင်များအ တွက် ဆေးရုံကြီးကြပ်မှု ကော်မတီမှ ဆေးရုံဝင်းအတွင်း နေရာဆောင်ရွက် ပေးမည်ဖြစ်ပြီး သင့်တင့်မျှတ သည့် ဈေးနှုန်းများနှင့် ရောင်းချစေမည်ဖြစ် ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.