20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများအား ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၇ ရက်အထိ စာရင်းကောက်ယူစိစစ်ပြီး အထောက်အထားများ ထုတ်ပေးရန် စီစဉ်  

ထိုင်းနိုင်ငံမှ မြန်မာအလုပ် သမားများနှင့် ပတ်သက်၍ ဇူလိုင်လ ၂၄ ရက် သြဂုတ်လ ၇ ရက်အထိ ထိုင်းနိုင်ငံတွင် စာရင်းကောက်ယူရေး စင်တာများဖွင့်လှစ်စာရင်းကောက်ယူ စိစစ်ပြီး အထောက်အထားများ ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ် သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ဝန်ကြီး Gen Sirichai Distakul ဦးဆောင် သော  ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ ဆွေးနွေးပွဲ ''သတင်းများအရ သိရ သည်။

၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်က နေပြည်တော်ရှိ အလုပ်သ မား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းသည့် အဆိုပါ တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံခြား သား အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေ ပါ အချက်အလက်များနှင့် ပတ်သက် ၍ ဆောင်ရွက်နေမှု အခြေအနေများ၊ ထိုင်းနိုင်ငံဘက်မှ ယခုလက်ရှိ ဆိုင်း ငံ့ကာလ ခြောက်လအတွင်း ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ၊ အလုပ်သမားများနှင့် ပတ်သက်သည့် အထောက်အထားမရှိသူများ၊ အ ထောက်အထားရှိပြီး သက်တမ်းလွန် နေသူများ၊ Certificate of Identity CI စာအုပ်ရှိပြီး Work Permit မရှိသူ များနှင့် အလုပ်ရှင်၊ လုပ်ငန်းအမျိုး အစား လုပ်ငန်းနေရာလွဲနေသူများ အတွက် စင်တာများ ဖွင့်လှစ်၍ စာ ရင်းကောက်ယူပြီး စိစစ်၍ အ ထောက်အထားထုတ်ပေးမည့် အစီ အစဉ်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံသို့ အထောက်အ ထားရှိပြီး ပြန်လည်ဝင်ရောက်လာ သည့် အလုပ်သမားများအနက်မှ အ လုပ်သမားနှင့် အလုပ်ရှင်ဆန္ဒအရ အလုပ်ပြန်လည်လုပ်ကိုင်လိုသူများ အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ MoU စနစ်ဖြင့် Government to Government ပူးပေါင်းပြီး ရေလုပ် သားပို့ဆောင်မည့် အစီအစဉ်များ၊ Visa နှင့် Work Permit ဆက်လက်ထုတ်ပေးမည့် အစီအစဉ်များ၊ မြန်မာ နိုင်ငံဘက်မှ စာရင်းကောက်ယူရရှိ  သည့် လုပ်သားအင်အား အခြေအနေ ပေါ်မူတည်၍  Certificate of Identity-CI စခန်းများ ဆက်လက်တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ် များ၊ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ လဝက ဥပဒေဖြင့် ရက်ပေါင်း ၉ဝ အတွင်း အလုပ်သမားကိုယ်တိုင် သက်တမ်း တိုးရမှုကြောင့် အခက်အခဲများဖြစ် ပေါ်သည့် အခြေအနေများကိုလည်း အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.