20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနိုင်ငံများနှင့် နိုင်ငံဖြတ်ကျော် ခရီးစဉ်များကို ၂ဝ၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်  

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အမေရိကန် ဒေါ်လာ သုံးသိန်းခန့် အသုံးပြု ဆောင်ရွက်လျက်ရှိနေပြီး အာဆီယံ နိုင်ငံများနှင့် နိုင်ငံဖြတ်ကျော်ခရီးစဉ် များကို ၂ဝ၁၈ခုနှစ်တွင် စတင်အ ကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနနှင့် ခရီး သွားလုပ်ငန်းသတင်းများအရ သိရ သည်။

ယခု မိုးရာသီမှာပင် အိမ်နီးချင်း နိုင်ငံများမှ နယ်စပ် ဖြတ်ကျော် ခရီး စဉ်များဖြင့် လာရောက်လည်ပတ်မှု များရှိနေကြောင်း သိရသည်။ ဆက်  လက်၍ မြန်မာနိုင်ငံမှ အာဆီယ ဒေသတွင်း နိုင်ငံများဖြစ်သည့် လာ အို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများမှ နယ်စပ်ဖြတ်ကျော် ခရီး စဉ်များ လုပ်ကိုင်နိုင်ရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဖြတ် ကျော် ခရီးစဉ်များအား ၂ဝ၁၈ ခုနှစ် တွင် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံအနေနှင့် အာဆီယံ ဒေသတွင်း နိုင်ငံအချို့နှင့် ဗီဇာကင်း လွတ်ခွင့်များကိုလည်း ညှိနှိုင်းဆောင် ရွက်ပြီးဖြစ်ပြီး လာမည့် စက်တင်ဘာ လတွင် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မြန်မာ -ကမ္ဘောဒီးယား JADA Trabel Mark သို့လည်း သွားရောက်ပြသရန် စီစဉ်ထားသည်။ အဆိုပါ မြန်မာ- ကမ္ဘာဒီးယာဲးJADA Travel Mark အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားတို့၏ နိုင်ငံယဉ်ကျေးမှု အမွေအနှစ်မြို့ တော်များဖြစ်သည့် မြန်မာနိုင်ငံ ပုဂံ မြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရီ မြို့များသို့ တိုက်ရိုက်ခရီးစဉ်များ ဆောင်ရွက်နိုင်ရန် ကျင်းပပြုလုပ် ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံ၏ သဘာဝ ဂေဟစနစ်များ ထိန်းသိမ်းစောင့် ရှောက်လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးနှင့် နိုင်ငံတကာ ခရီးသွားဧည့် သည်များအားဆွဲဆောင်နိုင်ရေးအ တွက် ကျွန်းစုများ ပိုင်ဆိုင်ပြီး ဂေဟ စနစ် မပျက်စီးစေရေးဆိုင်ရာ စီမံခန့် ခွဲခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရေ ကြောင်း ဥပဒေစည်းမျဉ်း စည်းကမ်း နှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကိုလည်း လွန်ခဲ့သည့် ဇွန်လ အတွင်း က အိမ်ရှင်အဖြစ် ကျင်းပပြု လုပ်ခဲ့ သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြင့်တက်နေသည့် မြိတ် ကျွန်းစုဒေသ၏ ကျွန်းပေါင်းရှစ်ရာ ကျော်နှင့် ဖွဲ့စည်းထားသည့် အဏ္ဏဝါ သိပ္ပံအပါအဝင် အဏ္ဏဝါပတ်ဝန်း ကျင်ထိန်းသိမ်းဆောင်ရွက်ရေးအ တွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.