23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ် ခိုင်ကမ်းမြို့တွင် မဟာဓာတ်အားလိုင်းမှ မီတာအလုံး ၂ဝဝ စတင် တပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်နှင့် ဆက်စပ်တည်ရှိနေပြီး ကလေးမြို့မှ ကိုးမိုင်ဝန်းကျင်ဝေး သည့် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့သစ်တွင် မဟာဓာတ်အား လိုင်းမှ လျှပ်စစ်မီးကို ဇွန်လဆန်းမှ စတင်ရရှိနေပြီဖြစ်ရာ ယခုအခါ လျှပ် စစ်မီးမီတာအလုံး ၂ဝဝ ကို တပ်ဆင် နေပြီဖြစ်ကြောင်း ခိုင်ကမ်းမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

 ချင်းပြည်နယ် ခိုင်ကမ်းမြို့တွင် လူနေအိမ်ခြေ ၆ဝဝ ဝန်းကျင်ရှိရာ ယခုပထမအသုတ်အနေဖြင့် လျှပ် စစ်မီတာ ၂ဝဝ ကို တပ်ဆင်ခြင်းဖြစ် ပြီး၊ မြို့နယ်အဆင့် ရုံးဌာနများနှင့် အခြားဘာသာရေး အဆောက်အအုံ များတွင်လည်း လျှပ်စစ်မီးများ စတင် ရရှိနေပြီဖြစ်ကြောင်း ယင်းက ပြော သည်။

''လျှပ်စစ်မီတာရရှိဖို့ လျှောက် လွှာတင်ထားတာတွေရှိပါတယ်။ အခု မီတာ ၂ဝဝ ကို စတင်တပ်ဆင်ပေး နေပြီး၊ မီတာဘောက်ချပေးတဲ့နေရာ တွေမှာလည်း စိစစ်ပြီး ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ အထောက် အထားခိုင်ခိုင်မာမာလျှောက်ထားတဲ့ လျှောက်လွှာတွေအတွက် ပြည့်စုံလုံ လောက်အောင် ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်''ဟု ခိုင်ကမ်းမြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

 ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ လျှပ်စစ်မီးရရှိရေးအ တွက်၊ ကလေးမြို့ မဟာဓာတ်အား လိုင်းမှ ဓာတ်အားခွဲရုံများ တည် ဆောက်၍ အဆင့်ဆင့်သွယ်တန်းပေး ပို့ရခြင်းဖြစ်ရာ၊ ချင်းပြည်နယ် ခိုင် ကမ်းမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိခြင်း နှင့် ခိုင်ကမ်းမြို့ မဟာဓာတ်အား လိုင်းလျှပ်စစ်မီးဓာတ်အားလိုင်းဖွင့်ပွဲ ကိုလည်း ပြုလုပ်ရန် စီစဉ်လျက်ရှိ ကြောင်း ခိုင်ကမ်းမြို့ မြို့နယ်လျှပ်စစ် ဌာနမှ တာဝန်ရှိတစ်ဦးက ပြော သည်။
    
ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.