28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောနယ်စပ်ဒေသအတွက် လုံခြုံရေးကို စိုးရိမ်စရာမရှိရန် ဆောင်ရွက်ထားသဖြင့် ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာ မသွားကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြော

မောင်တောနယ်စပ်ဒေသအတွက် လုံခြုံရေးကို စိုးရိမ်စရာမရှိရန် ဆောင်ရွက်ထားသဖြင့် ဒေသခံများ အနေဖြင့် နေရပ်စွန့်ခွာမသွားကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

 ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည်    ဇွန်လ ၂၇ ရက်က စတင်ကာ မောင် တောနယ်စပ်ဒေသရှိ ဒေသခံတိုင်း ရင်းသား ကျေးရွာများသို့ သွားရောက် ၍ အားပေးစကားများ ပြောကြားနေ ခြင်းဖြစ်သည်။

အပြစ်မဲ့ အရပ်သားတချို့ အကြမ်းဖက် ဘင်္ဂါလီများထံတွင် မကြာခဏသတ်ဖြတ်ခံနေရပြီး အ ကြမ်းဖက်သင်တန်းပို့ချနေသည့် လိုဏ်ခေါင်းကို တွေ့ရှိခဲ့ပြီးနောက် မောင်တောနယ်စပ်ရှိ ဒေသခံအများ စုသည် လုံခြုံရေးကို စိုးရိမ်မှုများမြှင့် တက်ကာ နေရပ်စွန့်ခွာရန် စီစဉ်နေ ကြကြောင်း သတင်းရရှိသည်။

 ''လုံခြုံရေးတွေ အထူးစီစဉ်ထား တယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။ နေ ရပ်မစွန့်ကြဖို့ အဓိကပြောသွားပါ တယ်။ မစိုးရိမ်ဖို့အတွက် ထပ်ပြီး တော့ ဘာတွေလုပ်ပေးမယ်ဆိုတာ တွေတော့ ပြောမသွားပါဘူး''ဟု မောင်တောမြို့နယ် ရွှေရင်အေးကျေး ရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်အ တွင်း ဒေသခံများက ပြည်သူ့စစ်ဖွဲ့ စည်းပေးရန်နှင့် လယ်ယာလုပ်ငန်း သုံးပစ္စည်းများ ထောက်ပံ့ပေးရန် တင် ပြတောင်းဆိုခဲ့ကြောင်း ရွှေရင်အေး ကျေးရွာမှ ကိုသာထွန်းက ပြော သည်။

ဘူးသီးတောင်နှင့် မောင်တော မြို့နယ်အတွင်းက ဒေသခံများ နေ ရပ်စွန့်ခွာနေခြင်းကို ကာကွယ်ပေးရန် ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ တွင် တာဝန်ရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ဇွန်လ ၂၇ ရက်က လွှတ်တော် အ စည်းအဝေးတွင် ပြောကြားခဲ့သည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.