23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောနယ်စပ် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၄ဝ ထပ်မံတိုးချဲ့

မောင်တောနယ်စပ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၄ဝ ကို ထပ်မံတိုးချဲ့လိုက်ကြောင်း နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

ထပ်မံတိုးချဲ့လိုက်သည့် ရဲတပ် ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့ ၂၅ မှ ဖြစ်ပြီး မောင်တောနယ်စပ်တွင် အရန် စုဖွဲ့လုံ ခြုံရေးတာဝန်များကို ထမ်းဆောင် မည်ဖြစ်ကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောသည်။

 မောင်တောနယ်စပ် လုံခြုံရေးကို အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးက တာဝန်ယူဆောင်ရွက် နေပြီး ကွပ်ကဲမှုအောက်တွင် ဒေသ ၄ ခု၊ နယ်မြေ ၁၁ ခုခွဲကာ လုံခြုံရေး ဆောင်ရွက်နေသည်။

 မောင်တောမြို့နယ်တွင် အ ကြမ်းဖက်သင်တန်းပေးနေသည့် လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ပြီး  အ ရပ်သားတချို့ မကြာခဏ သတ်ဖြတ် ခံနေရသည့်အတွက် ဒေသခံများက လုံခြုံရေးတိုးမြှင့်ပေးရန် ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင် ပြခဲ့သည်။

လုံခြုံရေးအင်အား တိုးချဲ့ပေး ရာတွင်လည်း ရဲတပ်ဖွဲ့ဝင်များသာမ က တပ်မတော်အင်အားကိုပါ တိုးချဲ့ ပေးရန် တင်ပြတောင်းဆိုထား ကြောင်း မောင်တောမြို့နယ် လောင်း ဒုံ ကျေးရွာမှ ဦးကျော်ဝင်းက ပြော သည်။

''ကင်းစခန်းတစ်ခုမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ဆယ်ယောက်ပဲရှိပါတယ်။တကယ်ဆိုရင် ၁၅ ယောက်လောက် ထားပေးစေချင်ပါတယ်''ဟု ဦးကျော် ဝင်းက ဆိုသည်။

 မောင်တောမြို့ပေါ် လုံခြုံရေးကို ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့က အဓိက တာဝန်ယူထားကြောင်း သိရသည်။


မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.