23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောမြို့နယ် မြို့သူကြီးကျေးရွာမှ ကျေးရွာတာဝန်ခံ ဘင်္ဂါလီ မိသားစုတစ်စု တိုက်ခိုက်ခံရ၊ ကျေးရွာတာဝန်ခံသေဆုံး

မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာမှ  ကျေးရွာတာဝန်ခံ ဘင်္ဂါ လီ မိသားစုတစ်စုမှာ မျက်နှာဖုံးစွပ် လူသုံးဦးက နေအိမ်ထဲထိ ဝင်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကျေးရွာတာ ဝန်ခံမှာ သေဆုံးခဲ့ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီက သတင်းထုတ် ပြန်သည်။

အဆိုပါ ကျေးရွာတာဝန်ခံသည် ဇွန်လ ၂၅ ရက်က နေအိမ်တွင် ညီမ နှစ်ဦး၊ သားတစ်ဦးနှင့် အတူအိပ်နေ စဉ် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး သေ ဆုံးသူ၏ ညီမနှစ်ဦးနှင့် သားဖြစ်သူကို မျက်နှာဖုံးစွပ်လူများက ဝိုင်းဝန်းတိုက် ခိုက်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့သည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ သုံး ဦးသည် မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံ ယူနေသည်။ မြို့သူကြီး ကျေးရွာသည် မောင်တောမြို့ပေါ်နှင့် တစ်မိုင်ခွဲခန့် သာ ကွာဝေးပြီး ဘင်္ဂါလီ သီးသန့်နေ ထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ် သည်။

အဆိုပါ မြို့သူကြီးကျေးရွာသည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် နယ်ခြား စောင့်ရဲစခန်းများ အကြမ်းဖက်တိုက် ခိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ ဝင်များကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သည့် ကျေးရွာလည်း ဖြစ်သည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်ဖြူ နယ်မြေရဲစခန်းက (ပ) ၂၈/၂ဝ၁၇၊ ပြစ်မှုပုဒ်မ ၃ဝ၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၄ ရက်ကလည်း မောင် တောမြို့နယ် ပဒင်းကျေးရွာအုပ်စု ခေါင်းတကာကျေးရွာမှ ဘင်္ဂါလီရာ အိမ်မှူးတစ်ဦးကို အမည်မသိ ဘင်္ဂါ လီတချို့က နေအိမ်ထဲထိ ဝင်ရောက် သတ်ဖြတ်ခဲ့ပြီး သားသမီးနှစ်ဦးက လည်း ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အ တွက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

 မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.