21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက်ရှိ မြေတချို့အား ရယူထားသူ ရခိုင်အမျိုးသားပါတီဝင်လေးဦးကို အရေးယူပေးရန် ဒေသခံများ တိုင်ကြား

စစ်တွေမြို့နယ် ဆတ်ရိုးကျရပ် ကွက်ရှိ မြေတချို့အား ရယူထားသူ ရခိုင်အမျိုးသားပါတီဝင် လေးဦးကို ပါတီဖွဲ့စည်းပုံစည်းကမ်း၊ ဥပဒေနှင့် အညီ အရေးယူပေးရန် ဒေသခံ ၁၇ ဦးက ရခိုင်အမျိုးသားပါတီ စည်းကမ်း ထိန်းသိမ်းရေးကော်မတီသို့ စာရေး တိုင်ကြားထားကြောင်း သတင်းရရှိ သည်။

အဆိုပါ တိုင်ကြားစာကို ဒေသခံ ၁၇ ဦးက ဇွန်လ ၂၃ ရက်တွင် လက် မှတ်ရေးထိုးတိုင်ကြားလိုက်ခြင်းဖြစ်ပြီး ပါတီဝင်လေးဦးသည် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို ချိုးဖောက်ကာ အာဏာရှင်များနှင့်  ပူးပေါင်း၍ မတရားသိမ်းဆည်းခံ လယ်ယာမြေ များကို ခွဲဝေရယူပိုင်ဆိုင်ထားသည် ကို တွေ့ရကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

''ကျွန်တော် ကျွန်မတို့သည် ရခိုင်အမျိုးသားပါတီ မြို့နယ်ကော်မ တီဝင်၊ ပါတီဝင်များနှင့် ပါတီအား ထောက်ခံအားပေးသူ၊ မတရားသိမ်း ဆည်းခံဒေသခံ လယ်သမားပါတီဝင် များသည် ပါတီ၏ မူဝါဒ ရည်မှန်း ချက် ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများကို ကြိုက်နှစ်ထောက်ခံလေးစားသောအားဖြင့် ပါတီတာဝန်များကို ပါတီ ဖွဲ့စည်းပုံစည်းဥပဒေနှင့်အညီ ပါဝင် ဆောင်ရွက်ထောက်ခံအားပေးကြ သူများဖြစ်သည်''ဟု တိုင်ကြားစာ တွင် ဖော်ပြထားသည်။

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ရှိ မြေဧက ၁၆ဝ ကျော်ကို ယခင် တပ်မတော် အစိုးရလက်ထက်က သိမ်းယူခဲ့ပြီး ဦးသိန်းစိန် အစိုးရလက် ထက်တွင် စက်မှုရပ်ကွက်အကောင် အထည်ဖော်ရန် စီစဉ်ခဲ့သည်။ ယင်း သို့ စက်မှုရပ်ကွက် အကောင်အ ထည် ဖော်မည့် မြေများကို လူပုဂ္ဂိုလ်များသို့ ခွဲဝေချထားပေးနေသဖြင့် ဒေသခံများက ပြန်လည်ရရှိရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားကြခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် နိုင်ငံ ရေးပါတီတစ်ခုသာဖြစ်၍ လယ်ယာ မြေသိမ်းဆည်းခြင်း ပြဿနာများကို အဓိကတာဝန်ယူဖြေရှင်းရ မည်မှာ အစိုးရအဖွဲ့သာဖြစ်သည်ဟု တိုင်ကြားစာနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိစ္စသည် ယင်းပုဂ္ဂိုလ်နှင့်သာ သက်ဆိုင်ပြီး လယ်ယာမြေသိမ်းဆည်းရာတွင်လည်း ရခိုင်အမျိုးသားပါတီနှင့် လုံးဝပတ် သက်မှုမရှိကြောင်း ဦးထွန်းအောင် ကျော်က ဆိုသည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.