16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးမြို့၏ မိန်းလမ်းမကြီး ဖြစ်သည့် မြို့မဈေးရှေ့တွင် စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၏ စည်ကားရှုပ်ထွေးသည့် နေရာ တစ်ခု ဖြစ်သည့် ကလေးမြို့ မြို့မ ဈေးရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားထားမှုများ၊ ကုန်တင် ကုန်ချ ဆောင်ရွက်မှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းရွှေက ဇွန်လ ၂၁ ရက်က ပြောသည်။

''ဈေးရှေ့ လမ်းဘေးဝဲယာနေ ရာတွေမှာစည်ကမ်းမဲ့ဆိုင်ကယ်၊ကား ရပ်ထားတာတွေကို ထိထိ ရောက် ရောက် အရေးယူ ဆောင်ရွက်သွား တော့မှာဖြစ်ပါတယ်၊ အများသွားလာတဲ့ လမ်းဧရိယာပေါ်မှာ တချို့က ဈေးဗန်း၊ ဈေးခုံချခင်းပြီး ဈေးရောင်း နေကြတယ်၊ အမိုးတွေမိုးပြီး ဈေး ရောင်းနေတော့ပလက်ဖေါင်းဆိုတာ ပျောက်နေတယ်၊ အကြောင်းအမျိုး မျိုးနဲ့ လမ်းလျှောက်သွားတဲ့သူတွေ က လမ်းမကြီးပေါ် ဆင်းသွားနေရတယ်၊ ဒီကြားထဲ ကားတွေ ဆိုင်ကယ် တွေက လမ်းမပေါ်မှာ စည်းကမ်းမဲ့ ရပ်ထားတယ်''ဟု စည်ပင်သာယာ ဋ္ဌာနမှတာဝန်ရှိတစ်ဦးကပြောသည်။

ကလေးမြို့ မြို့မဈေးဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသည့်ကားများ၊ဆိုင်ကယ်များ၊ ကုန်တင်ကုန်ချပြုလုပ်နေသည့်ကား များကိုဇွန်လကုန်ရက်ပိုင်းမှစတင်၍ ထိထိရောက်ရောက်အရေးယူဆောင် ရွက်သွားတော့မည်ဖြစ်ရာ ယင်းသို့ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးကော်မတီ၊ မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်း သိမ်းရေးအဖွဲ့များ ပူးပေါင်း ဆောင် ရွက်မည်ဖြစ်ရာ အများပြည်သူများ လိုက်နာနိုင်ရန် စည်းကမ်းချက်များ ကို ကြော်ငြာထားကြောင်းသိရသည်။
''ကျွန်တော်တို့ ဈေးဆိုတာ ကုန်တင် ကုန်ချလုပ်ငန်းတွေရှိမယ်၊ ကားရပ် ပြီးဈေးဝယ်တာတွေရှိမယ် ဖြစ်တဲ့ အတွက် နေ့စဉ်နံနက်(၁ဝ)နာရီအထိ ဈေးစည်ကားချိန် သုံးတန်ကားတွေ ဖြတ်သန်းခွင့်မရှိသလို၊ ဈေးရှေ့လမ်း ဘေးမှာ ရပ်နားထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊သုံးဘီးတွေကိုပါအရေး ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဈေးအတွင်းကုန်ချမယ်ဆိုရင်လည်း ငါးမိနစ်အချိန်သတ်မှတ်ထားပါတယ်'' ဟု ကလေးမြို့မြို့မဈေးမှ တာဝန်ရှိ တစ်ဦးကပြောသည်။

ကလေးမြို့တွင်ကုန်ချဝင်း၊ ကုန်ကားကြီးများ ရပ်နားရန်ကားဝင်းမရှိ သည့်အတွက် ကုန်တင်ကားကြီးများ မြို့တွင်းအသွားအလာများပြားသည့် လမ်းနေရာများတွင် ပိတ်ရပ်ကုန်တင် ကုန်ချပြုလုပ်မှုများ၊ ကားညအိပ် ပြင် ဆင်မှုများရှိနေရာ ကလေးမြို့ ပင်လုံ လမ်းမတော်၊ ကလေးမြို့ ကလေးဝ လမ်းအထွက်လမ်းများတွင်စည်းကမ်း မဲ့ ကားရပ်နားမှုများကြောင့် လမ်း ပိတ်ဆို့မှုများ၊မလိုလားအပ်သည့်ယာဉ် အန္တရာယ်များဖြစ်ပွားလျက်ရှိကြောင်း ကလေးမြို့ဒေသခံ ဦးကျော်သောင်း က ပြောသည်။

''လမ်းပိတ်ဆို့မှုတွေ ကား၊ ဆိုင် ကယ်၊ သုံးဘီးစည်းကမ်းမဲ့ ရပ်နားတာ တွေကတော့ အဆိုးဆုံးနေရာတွေကို ပြောတာပါ၊ ဈေးရှေ့၊ ဗလီကျောင်း လမ်းထိပ်နေရာဆိုရင်ပိတ်နေတယ်၊ အများသိတယ်။ ပြီးတော့နတ်ချောင်း လမ်းမှာ သုံးဘီးဂိတ်တွေ၊ ကားဂိတ် တွေ၊ စည်းကမ်းမဲ့ဖွင့် ပစ္စည်းတင် ခရီးသည် ခေါ်နေတယ်။             ကလေး-ကလေးဝလမ်းအထွက် နေရာတွေမှာလည်း ကားဂိတ်တွေ၊ ကားတွေ တန်းစီရပ်ပြီး ဂိတ်ဖွင့်ခရီး သည်တင်၊ ကုန်တင်နေတယ်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် စိုးရိမ် နေ ရတယ်၊ဘယ်သူမှအရေးယူ ဆောင် ရွက်ရှင်းလင်းတာမျိုး မရှိပါဘူး''ဟု ယင်းက ပြောသည်။

ကြာကြာကွတ်-ကလေး။

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.