20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ငါးရှားပါးမှု ကြုံတွေ့နေရသည့် မောင်တောမြို့နယ်တွင် ရေချိုငါးကန်များ တူးဖော်

ငါးရှားပါးမှု ကြုံတွေ့နေရသည့် မောင်တောမြို့နယ်တွင် ဒေသတွင်း ငါးဖူလုံရန်အတွက် ကျေးရွာပေါင်း ၉၆ ရွာ၌ ရေချိုငါးမွေးမြူရေးကန်များ ဖော်ထုတ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

 ''ငါးရှားပါးမှုကို ဖြေရှင်းဖို့အ တွက် ကျေးရွာတစ်ရွာကို ရေချိုငါး မွေးကန်တစ်ကန်နှုန်းနဲ့ ကျေးရွာ ၉၆ ရွာမှာ ဆောင်ရွက်နေပါတယ်။ ရေချို ငါးသားပေါက်တွေကိုလည်း ငါးလုပ် ငန်းဦးစီးဌာနက ဖောက်ပေးနေပါ တယ်။ ငါးမွေးကန်တစ်ကန်ရဲ့ ကုန် ကျစရိတ်က ငွေကျပ် ၇၅ သိန်း လောက်ရှိပါတယ်''ဟု မောင်တော ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

 မောင်တောမြို့နယ်တွင် ယခင် က ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ မြစ်ချောင်း များနှင့် ပင်လယ်ပြင်မှ ဖမ်းဆီးရမိ သည့် ရေငန်ငါးများကိုသာ အားထား စားသုံးခဲ့ကြသည်။

ယခုအခါ မောင်တောမြို့နယ် အတွင်းမှ ရေလုပ်သားအများစုသည် ပင်လယ်ပြင်နှင့် မြစ်ချောင်းများသို့ မထွက်ကြသဖြင့် ငါးရှားပါးမှုကို ကြုံ တွေ့နေရသည်။

ဒေသတွင်း ငါးရှားပါးမှုနှင့်အတူ ငါးဈေးများမှာလည်း တစ်ပိဿာလျင် နှစ်သောင်းကျပ်ဈေးဖြစ်နေကြောင်း သတင်းရရှိသည်။         မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.