21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းများကို အိမ်နီးချင်းနိုင်ငံများသို့သာမကဘဲ အာရပ်စော်ဘွားများ နိုင်ငံများနှင့် ဂျာမဏီနိုင်ငံဈေးကွက်များ အထိ တင်ပို့ရောင်းချပေးနေရ

မြန်မာနိုင်ငံထွက် ချင်းများကို အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ များသို့သာ တင်ပို့ရောင်းချလျက် ရှိရာမှ ယခုအခါ အာရပ်စော်ဘွား များနိုင်ငံနှင့် ဂျာမဏီနိုင်ငံ ဈေးကွက် များအထိပါ တင်ပို့ရောင်းချနေရ ကြောင်း သိရသည်။

 စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသတင်းများအရ မေလ ၇ ရက် မှ ၁၃ ရက်အတွင်း အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၁၉၉၁၄ ဒေါ်လာတန်ဖိုးရှိ ချင်း ၁၅ ဒသမ ၉၉၅ တန်၊ မေလ ၂၈ ရက်မှ ဇွန် ၃ရက်ထိ အမေရိကန် ဒေါ်လာ ၆၅၂၄၃ တန်ဖိုးရှိ ချင်း ၂ဝ၅ ဒသမ ဝ၅တန် တင်ပို့ရောင်းချ ရာတွင် ဂျာမဏီနိုင်ငံသို့ ၁၈တန်၊ စင်ကာပူ နိုင်ငံသို့ ၁ဝ၈တန် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၇၉ ဒသမ ဝ၅ တန်တင်ပို့ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ မေလ ၂ဝ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း  မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းများမှ  အမေရိကန်ဒေါ်လာ ၆ဝ၄၈ဝ တန်ဖိုးရှိ ချင်းစို ၁၈၇တန် ကို တင်ပို့ရောင်းချနိုင်ခဲ့သည်။

အဆိုပါကာလအတွင်း မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ် ကုန်သွယ် ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၁၉၈၄ ဒေါ်လာတန်ဖိုးရှိ ချင်းခြောက် နှစ်တန်နီးပါး တင်ပို့ခဲ့ သည်။ စစ်တွေ နယ်စပ် ကုန်သွယ် ရေး စခန်းဈေးကွက်တွင် ချင်းစိုတစ် တန်၏ မြန်မာနိုင်ငံဘက် ပေါက် ဈေးမှာ ငွေလဲနှုန်း အရ ငွေကျပ် ၁၆၈၆၄ဝဝခန့် ရှိသည်။ မေလ အတွင်းက နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ချင်းအစိုနှင့် ချင်း အခြောက် တန်ချိန် ၁၁၂၂ဒသမ ၄၉၅တန် တင်ပို့ရောင်းချပေးနိုင်ခဲ့ သဖြင့် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၂၉၈၈၉၁ ဒေါ်လာ ရရှိခဲ့ ကြောင်း သိရသည်။    

      ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.