20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့သစ်သီးဝလံများအား အမေရိကန်ဒေါ်လာသန်းတစ်ရာ့ခုနစ်ဆယ်ကျော်ဖိုးအထိ တင်ပို့ရောင်းချသွားရန် စီမံဆောင်ရွက်နေ

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့သစ်သီးဝလံများအား အမေရိကန်ဒေါ်လာသန်းတစ်ရာ့ခုနစ်ဆယ် ကျော်ဖိုးအထိ တင်ပို့ရောင်းချသွားရန် စီမံဆောင်ရွက်နေကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန သတင်းများအရ သိရသည်။

လက်ရှိတွင်  မြန်မာနိုင်ငံမှ သစ်သီးဝလံ ပြည်ပတင်ပို့ ရောင်းချမှု အနေအထားမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာလျက်ရှိ သည်။

စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဋ္ဌာန သတင်းများ အရ ၂ဝ၁၂-၂ဝ၁၃  ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉ သန်း၊ ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁ဝဝ သန်း၊  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း၁ဝဝကျော်၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၄ဝ ကျော်ဖိုး တင်ပို့ ရောင်းချပေးခဲ့ရ
ကြောင်း သိရသည်။

 မြန်မာ့သစ်သီးဝလံများမှ ယခု ကဲ့သို့ တစ်နှစ်ထက် တစ်နှစ် တိုးတက် တင်ပို့ပေးနေရသဖြင့် ယခုနှစ်တွင် သစ်သီးဝလမျိုးစုံတန်ချိန် တစ်သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၇ဝ ကျော်ဖိုး အထိ တင်ပို့ ရောင်းချနိုင်ရန် စီမံဆောင်ရွက်နေ ခြင်းဖြစ်ရာ သစ်သီးဝလံများကို နယ် စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့ နေရာမှ ပင်လယ်ရေကြောင်း ကုန် သွယ်ရေးလမ်းကြောင်းမှပါ ပိုမိုတင်ပို့ နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် သစ်သီးဝလံများကို အမျိုးသား ပို့ကုန်မဟာဗျူဟာအရ ထည့်သွင်းဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေး ဆောင်ရွက်လျက်ရှိပြီး မြန်မာ့သစ်သီးဝလံဈေးကွက် ပိုမို ဖွံ့ ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံတ ကာ ဈေးကွက်သို့ ထိုးဖောက်ကာ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနိုင်ရေး အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တစ်ဆင့် သစ်သီးဝလံ စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသူ များအား ချေငွေများတိုးမြှင့်ဆောင်  ရွက်ပေးနိုင်ရေးကိုလည်းစီစဉ်ဆောင် ရွက်နေကြောင်းကိုလည်း ဘဏ္ဍာ ရေးဝန်ကြီးဋ္ဌာနသတင်းများအရသိရ သည်။    

 ပြည်ပနိုင်ငံဈေးကွက်များသို့ အ များဆုံး တင်ပို့ရောင်းချပေးနေသည့် သစ်သီးဝလံများမှာ သရက်သီး၊ ဖရဲ သီးနှင့် သခွားမွှေးများဖြစ်ပြီး စပျစ် သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ နဂါး မောက်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး၊ ကျွဲကောသီး၊ ထောပတ်သီး၊ ပန်းသီး များကိုလည်း တင်ပို့ ရောင်းချလျှက်ရှိ သည်။ လက်ရှိတွင် မြန်မာ့သရက်သီး များကို တရုတ်နိုင်ငံသို့ အဓိက တင် ပို့ရောင်းချပေးနေပြီးအခါ အားလျော် စွာ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်နိုင်ငံတို့ သို့လည်း တင်ပို့ ရောင်းချပေးနေရ ကြောင်းသိရသည်။

 လက်ရှိတွင် ကိုရီးယားနိုင်ငံက မြန်မာ့သရက်သီးများကို အများအ ပြားဝယ်ယူရန် ကမ်းလှမ်းမှုများရှိ သကဲ့သို့ ရုရှားနိုင်ငံမှလည်း မြန်မာ နိုင်ငံမှ သရက်သီးများကို အဆင့်မြင့် ထုတ်ကုန်အဖြစ် သရက်ပြားခြောက် များထုတ်လုပ်ရန် ဆွေးနွေးဆောင် ရွက်ခဲ့သည်။

ထို့အပြင် ရုရှားနိုင်ငံသို့ သရက် သီးခြောက် အပါအဝင် ခရမ်းချဉ် သီး၊ ငှက်ပျောသီးများကို အခြောက် ပြုလုပ်တင်ပို့ပေးရန်နှင့် အဆိုပါ လုပ်ငန်းများအတွက် မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်ရေးနှင့် နည်းပညာရယူရေးကိစ္စရပ်များကို လည်း ဆွေးနွေးဆောင်ရွက်ထား ကြောင်းသိရသည်။        

  ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.