28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဒေသ၌ မိုးစပါးစတင်စိုက်ပျိုးချိန်ကာလ ကျွဲနွားရှားပါးသဖြင့် ဒေသခံ တောင်သူများ ထွန်စက်များငှားရမ်းထွန်ယက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး  မြို့နယ် ကျေးရွာများတွင် လယ်ယာ လုပ်ငန်းခွင်သုံး  ကျွဲနွားရှားပါးလာမှု ကြောင့် လယ်ယာလုပ်ငန်းတွင် ထွန် စက်များ ငှားရမ်းကာ ထွန်ယက်နေရ ကြောင်း ကလေးမြို့နယ်၊ နတ်မြောင်း ရွာ ဒေသခံတောင်သူဦးဝင်းမောင်က ပြောသည်။

ကလေးမြို့နယ်သည် မြန်မာ-အိန္ဒိယနယ်စပ်နှင့် နီးစပ်သော မြို့ နယ်ဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံ  မှ နွားများကို မှောင်ခိုဈေးဖြင့် ဝယ်ယူ  မှုများရှိနေသကဲ့သို့ တရုတ်နိုင်ငံနယ်  စပ်ဘက်မှ ပွဲစားများဖြင့် လာရောက် ဝယ်ယူမှုများရှိနေသည့်အတွက်ဒေသ တွင်း လယ်ယာလုပ်ငန်းသုံး ကျွဲနွား များ ရှားပါးလာပြီး၊ ကျွဲ နွားဈေးများ  မတန်တဆ မြင့်တက်လာကြောင်း ယင်းက ပြောသည်။

 '' ကျွန်တော်တို့  ကလေးမြို့ တောင်ပိုင်းဒေသလို့ ပြောလို့ရတဲ့ ထောက်ကြန့်၊ ထိုမာ နတ်ချောင်း၊ နတ်မြောင်းရွာတွေပေါ့နော်။ ဟိုဘက်  မှာ တင်သား၊ မြောက်စည်းရွာတွေ ရှိ တယ်။ ဒီဘက်ရွာတွေ အားလုံးမှာ မိုး စပါး၊ ဆောင်းမြေပဲ၊ ပဲအမျိုးမျိုး၊နှမ်း   စိုက်ပျိုးကြပါတယ်။ ဟိုတုန်းကတော့ နွား၊ ကျွဲ နဲ့ ထွန်ယက်စိုက်ပျိုးကြ  ပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကာလက စတင်ပြီး၊ အိန္ဒိယ နယ်စပ်၊ တရုတ်နယ်စပ်ဘက်က နွားတွေ၊ ကျွဲ တွေ ဈေးကောင်းပေးဝယ်ယူမှုရှိလာ တဲ့အခါ ဒေသတွင်းမှာ ကျွဲနွားရှားပါး မှု ကြုံလာပါတယ်။ ကျွဲနွားဈေးလည်း အဆမတန် ဈေးတက်သွားပါတယ်' ဟု ယင်းက ပြောသည်။

ယခု ရက်ပိုင်းကလေးဒေသတွင်   ခိုင်းနွားကောင်းကောင်းတစ်ကောင် လျှင် ငွေကျပ် ၁ဝ သိန်းမှ  ၁၅ သိန်း  အထိ ဈေးရှိနေပြီး၊ နွားရှဉ်းငှားရမ်းခ မှာလည်း တစ်လ နှစ်သိန်း ဝန်းကျင်     ဈေးရှိကြောင်း သိရသည်။ ထွန်စက် ငှားရမ်းခမှာ လယ်တစ်ဧကလျှင် ငွေ ကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ ကျပ် အထိ ပေးရသည်။ ကလေးမြို့နယ် စိုက်ပျိုးရေးဋ္ဌာနမှ ထုတ်ပြန်သည့် စာ ရင်းများအရ မိုးစပါးစိုက်ဧက (၉၆ဝ-၆၇) စိုက်ပျိုးမှုရှိပြီး၊  ဆောင်းသီးနှံ စိုက်ဧကတစ်သောင်းကျော် စိုက်ပျိုး ကြောင်း သိရသည်။

ကြာကြာကွတ်-ကလေး

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.