20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ်တွင်လိုင်စင်မဲ့လက်လုပ်သေနတ်များ ကိုင်ဆောင်ပါက အရေးယူမည်

ချင်းပြည်နယ်တွင် ချင်းရိုးရာ ဓလေ့ထုံးစံအရ (ချင်းအက် ဥပဒေ အရ) သေနတ်သည် ရိုးရာအမွေအ နှစ်စာရင်းတွင် ပါဝင်ပြီး သေနတ်ကို အမြတ်တနိုးထား ကိုင်ဆောင်မှုများ ရှိရာ တရားဝင်မဟုတ်သည့် လိုင်စင် မဲ့သေနတ်၊ လုပ်သေနတ်များကို ဇွန်လကုန်ပိုင်းမှ အစပြု၍ အရေးယူ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း
နှင့် တွေ့ရှိပါက ထောင်ဒဏ် ခုနစ်နှစ် အထိ အပြစ်ပေး အရေးယူသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရရုံး မှ တာဝန်ရှိတစ်ဦးက ပြောသည်။

'' ကျေးရွာတွေမှာလိုင်စင်မဲ့သေ နတ်၊ လုပ်သေနတ်တွေ အကိုင်များ တယ်၊ အဓိကကတော့ အမဲလိုက်ဖို့ ကိုင်ဆောင်ကြတာပါ၊ အခု ချင်းပြည် နယ်မှာက တောပြုန်းတောင်ပြုန်းဖြစ် လာနေပြီး တောပျော်တောကောင် သားကောင်တွေလည်း ရှားပါးလာ နေတဲ့အတွက် ထိန်းသိမ်းဆောင်ရွက် တာဖြစ်ပါတယ်'' ဟု ယင်းက ပြော သည်။

ချင်းပြည်နယ်ကျေးလက်ဒေသ သေနတ်ကိုင်ဆောင်မှုမှာ လိုင်စင်မဲ့ လုပ်သေနတ်က အများစုဖြစ်နေ သည့် အတွက် ယခုပြည်နယ် အစိုးရ ၏ ထုတ်ပြန်ကြေငြာချက်ကြားသိရ သည့် အချိန်တွင် လိုင်စင်မဲ့သေနတ်၊ လုပ်သေနတ်များကို နီးစပ်ရာရဲစခန်း များတွင်အပ်နှံကြရန် သို့မဟုတ်ပါက ဖျက်ဆီးပစ်ရန် အများသိရန်ကြေ ညာထားကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ရိုးရာအမွေ အနှစ်အဖြစ် ကိုင်ဆောင်ထားသည့် လိုင်စင်ရှိ သေနတ်များကို ဆက် လက်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး၊ လိုင်စင်မဲ့ သေနတ်၊ လုပ်သေနတ် လက်ဝယ်တွေ့ရှိပါကအာမခံပေးမည် မဟုတ်ဘဲထောင်ဒဏ်ကျခံသည်အထိ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း၊ ကျေးရွာတိုင်း၌ အသိပေး နှိုးဆော်မှု များ ဆောင်ရွက်ထားကြောင်း သိရ သည်။

 ချင်းပြည်နယ်တွင် သေနတ်များ ကိုင်ဆောင်မှုမှာ အမဲလိုက်ရန် အ တွက် အဓိက ဖြစ်နေပြီး၊ ဘဝတစ် သက်တာ ပစ်ခတ်ရရှိသည့် တော ကောင်သားကောင်များကို ရွာထိပ် တွင် ဂုဏ်တစ်ခုအဖြစ် ကျောက်စာ တိုင်များ ထွင်းထုမှတ်တမ်းပြုထားကြ သည်။ ချင်းပြည်နယ်တွင်အများဆုံး ကိုင်ဆောင်ကြသည့် သေနတ်များမှာ နှစ်လုံးပြူး၊  တစ်လုံးပြူး၊ ကာတိုနှင့်
လက်လုပ်သေနတ်များ ကိုင်ဆောင် ကြကြောင်း ဒေသခံဦးဇဟဲက ပြော သည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.