28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြိတ်ကျွန်းစုရှိ လန်ပိကျွန်း အပါအဝင် ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ဒေသများတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရ

မြိတ်ကျွန်းစုရှိ လန်ပိကျွန်း၊ ရှမ်း ပြည်နယ်ဓနုဒေသ၊ ဧရာဝတီတိုင်း ဒေသကြီးမှ ငရုတ်ကောင်း၊ ရခိုင်ပြည် နယ် ဂွ နှင့် ချင်းပြည်နယ် ကန်ပက် လက်ဒေသများတွင် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်နေ့များတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင် ရာ ပြည်သူလူထုခရီးသွား လုပ်ငန်း ဆွေးနွေးပွဲသတင်းများအရသိရသည်။ အဆိုပါဆွေးနွေးပွဲကို၂ဝ၁၅ ခုနှစ်က ပထမဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ကျင်းပပြု လုပ်ခြင်းဖြစ်ရာ လက်ရှိရပ်ရွာ အခြေ ပြု ခရီးသွားလုပ်ငန်း (CBT)လုပ် ဆောင်နေကြသည့်ဒေသမှ တာဝန်ရှိ သူများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ နိုင်ငံ တကာပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကာ မြန်မာနိုင်ငံ၌ အကောင်အထည် ဖော်ဆောင်ရွက်နေသည့်ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း(CBT)များ ဖော် ဆောင်ရာတွင် အောင်မြင်နိုင်ရေးအတွက်လုပ်ဆောင်နိုင်မည့်အချက်များ နှင့်ပတ်သက်၍ညှိနှိုင်းဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။ ရပ်ရွာအခြေပြုခရီး သွားလုပ်ငန်း(CBT)များကို  မြန်မာ နိုင်ငံတွင် စတင် ဆောင်ရွက်ချိန်မှ လက်ရှိ အချိန်အထိ နေရာ ဒေသ ၂၂ခုမှာဖော်ဆောင်ထားပြီဖြစ်သည်။

အဆိုပါ ခရီးသွားကုမ္ပဏီများ တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် များအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လေ့လာစေရန် ဆောင်ရွက် နေသည့်ကုမ္ပဏီများနှင့် နိုင်ငံတကာ ခရီးသွားများအတွက်ပြည်တွင်းခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီများလည်း ပါဝင်ပြီးမြန်မာ့ခရီး သွားလုပ်ငန်းတိုးတက်ကျယ်ပြန့်လာ စေရေးအတွက် အမျိုးမျိုးသော ဝန် ဆောင်မှုကောင်းများနှင့် ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံပြီးလျှင် တတိယ 'ဝါး' အပေါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသဖြင့် နိုင်ငံတကာခရီးသွား ဧည့်သည်များ ကို ဆွဲဆောင်နိုင်ရေး အတွက် နိုင်ငံ တကာခရီးသွားများ သွားလာ လည် ပတ်မှုများသည့်နေရာဒေသများတွင် အဆောက်အအုံများကို ဝါးနှင့်တည် ဆောင်သွားရန်စီစဉ်ဆောင်ရွက်နေ ကြောင်းသိရသည်။

 မြန်မာနိုင်ငံတွင်လည်း နိုင်ငံ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်နှင့် ဆန်းသစ်သော အတွေ့အကြုံများရရှိ စေရန် အတွက်  ချောင်းသာ နှင့် တောင်ကြီးဒေသများတွင်ဟိုတယ်နှင့် ဘန်ဂလိုများကို ဝါးဖြင့် တည် ဆောက်ရန် စီစဉ်ဆောင်ရွက်နေပြီး ဝါးဖြင့်တည်ဆောက်သောအဆောက် အအုံများကို နေပြည်တော်၊ မော်လ မြိုင်၊ မန္တလေး၊ ချောင်းသာနှင့် တောင် ကြီးမြို့တို့မှ တည်ဆောက်ပေးရန် လာရောက်ကမ်းလှမ်းမှုများလည်း ရှိနေသည်ဟုဆိုသည်။     

  ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.