21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေး-ရိဒ် နယ်စပ်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွင် လမ်းပျက်၊ တံတားချို့ယွင်းမှုကြောင့် ရိဒ်နယ်စပ်ကုန်စည်တင်ပို့ရေး အခက်ကြုံနေ

မြန်မာ-အိန္ဒိယနယ်စပ် ကုန် သွယ်ရေးတွင် ၂ဝ၁၇ ခုနှစ် နှစ်ဆန်း ပိုင်းမှစပြု၍ အရောင်းအဝယ် ကောင်းမွန်ခဲ့သော်လည်း ချင်းပြည် နယ်ရိဒ်နယ်စပ်ကုန်သွယ်ရောင်းဝယ် ရေးသည် ဇွန်လဆန်းမှ အစပြု၍ နယ်စပ်တံတား ချို့ယွင်းမှုများဖြစ် ပေါ်ခြင်း၊ ကလေးတီးတိန်-ရိဒ်နယ် စပ်သွား ကားလမ်းပျက်စီးမှုကြီးမား နေခြင်းတို့ကြောင့် နယ်စပ်ရောင်းဝယ် ရေးမှာ အခိုက်အတန့်ရပ်တန့်မှု များရှိနေကြောင်း ရိဒ်နယ်စပ်မှ ကွမ်း သီးကုန်သည် ဦးထန်းငါက ဇွန် ၈ ရက်က ပြောသည်။

ရိဒ်နယ်စပ်ရောင်းဝယ်ရေးသည် စစ်ကိုင်းတိုင်းဒေသကြီး တမူး နယ်စပ် ပြီးလျှင် အကြီးမားဆုံး အရောင်းအ ဝယ်ဖြစ်သည့် နယ်စပ်ဖြစ်သော် လည်း ယခုနှစ်များတွင် တမူးနယ် စပ်မှ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကုန်စည်တင်ပို့ရောင်းဝယ်မှု နည်းပါးလျက်ရှိနေပြီး ရိဒ်နယ်စပ် ဘက်တွင် အရောင်းအဝယ် ပိုမိုလာ ကြောင်း ယင်းက ပြောသည်။

''ကျွန်တော်တို့ တမူးနယ်စပ် ရောင်းဝယ်ရေးက လမ်းလည်း ကောင်းတယ်။ ရောင်းရေးဝယ်ရေး လည်း အဆင်ပြေတယ်။ ဒါပေမယ့် မကြာခဏပြဿနာလေးတွေဖြစ်ပေါ် နေတဲ့အတွက် လမ်းပိတ်ပြီး အရောင်း  အဝယ်ရပ်တန့်နေတာမျိုးဖြစ်ပါတယ်။ အခု ရိဒ်နယ်စပ်ဘက်မှာလည်း နှစ် ဆန်းပိုင်းတုန်းက အရောင်းအဝယ် ကောင်းမွန်ခဲ့ပေမယ့် အခုလပိုင်းမှာ မကြာခဏ အရောင်းအဝယ်ရပ်တန့် မှုတွေဖြစ်ပေါ်နေပါတယ်''ဟု ကွမ်း သီးကုန်သည် ဒေါ်နုက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်း ပြည်နယ်တွင် ဇွန်လဆန်းရက်မှ အစပြု၍ မိုးရက်ဆက်ရွာသွန်းနေ သည့်အတွက် ကလေး-ရိဒ်နယ်စပ် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်း တွင် ကလေး-သိုင်းငင်း မိုင် ၃ဝ အ ကြား ဟျောင်ဇိန်ရွာအနီး၊ ထေးဇန်ရွာ အနီးတို့တွင် မကြာခဏလမ်းပြိုကျ ပျက်စီးမှုကြုံနေရပြီး၊ အာလွယ်-ကနေဒီ- ဆိုဇန်ရွာအကြားတွင် တောင်ပြုကျမှုများ ဖြစ်ပေါ်လျက်ရှိ ရာ နယ်စပ်ကုန်စည်ပို့ဆောင်ရေး ကားများ လမ်းပြုပြင်မှုကို စောင့်ဆိုင်း သွားလာနေကြရသည်။ ရိဒ်နယ်စပ် တွင်လည်း ချောင်းကူးတံတားပျက်စီး ချို့ယွင်းမှုကြောင့် တစ်ဖက်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်ပို့ဆောင်ရေး ကားများ အခက်ကြုံလျက်ရှိသည်။

 ''အခုတစ်ပတ်က လမ်းပိတ်တာ မဟုတ်ဘူး။ လမ်း၊ တံတားပျက်လို့ သွားရေး လာရေး ခက်နေတာ၊ သင်္ကြန်ရက်ပိုင်းတုန်းကတော့ အလုပ် သမားပြဿနာကြောင့် လမ်းပိတ်တာ ပါ။ အခုကတော့ လမ်းတံတားပျက်စီး မှုကြောင့်ပါ။ နည်းနည်းပါးပါးတစ် ပိုင်တစ်နိုင်တွေကတော့ အရောင်း အဝယ်ဖြစ်ပါတယ်''ဟု ရိဒ်နယ်စပ်မှ ကုန်သည်ဦးစိုးမြင့်က ပြောသည်။

ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် လမ်းပျက်စီးမှု ကြီးမားလျက်ရှိရာ လမ်းပြိုလမ်းပျက် တတ်သည့် နေရာများတွင် စက် ယန္တရားကြီးများ ချထားစောင့်ဆိုင်း၍ လမ်းပြုပြင်လျက်ရှိကြောင်း ချင်းပြည် နယ် လမ်းဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ရိဒ်နယ်စပ်တွင် ယခုဇွန်လ ဆန်းပိုင်းတွင် ကွမ်းသီးကုန်စည် အ ရောင်းအဝယ် နှေးကွေးလျက်ရှိပြီး တရုတ်ကုန်စည်၊ မုန့်မျိုးစုံ၊ ဖျော်ရည် ဘူး၊ ဘီယာ၊ အရက်၊ စီးကရက်၊ သစ် သီးမျိုးစုံ ကုန်စည်များ ပုံမှန်အရောင်း အဝယ်ဖြစ်နေပြီး တစ်ဖက်နိုင်ငံမှ ပြန် လည်တင်သွင်းသည့် ဓာတ်မြေသြဇာ မှာလည်း ဝယ်ယူရေး အခက်အခဲများ ဖြင့် ကြုံနေရကြောင်း ကုန်သည်တစ် ဦးက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.