24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုရှိပြီး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသော မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်တွင် မြစိမ်းရောင် စီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာနှစ်က ကျေး ရွာတစ်ရွာဖြင့် စတင်အကောင်အ ထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၂၄ ရွာ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ကျေးရွာ သုံးရွာကို မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာများအဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်မှစတင် ၍ သက်ဆိုင်ရာမြစိမ်းရောင် ကြီး ကြပ်အဖွဲ့၏ သတ်မှတ်စံ ၁ဝ ချက်နှင့် ကိုက်ညီသော ချင်းစုရွာ၊ သဖန်းအိုင် ကျေးရွာတို့ကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်နိုင်ခဲ့ကြောင်း ကလေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးအောင်ကျော် မျိုးက ပြောသည်။

ဂုဏ်ပြုလက်မှတ်ချီးမြင့်ပွဲကို ဇွန် ၉ ရက်က ကလေးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသ ကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်သန့်ဝေကျော်၊ ကလေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဦးဇေယျာညို၊ ကလေး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုး၊ ဌာနဆိုင်ရာ အကြီးအ ကဲများ၊ ဖိတ်ကြားထားသူများ မြစိမ်း  ရောင် စီမံကိန်းဝင်ကျေးရွာများမှ တာဝန်ရှိ ကော်မတီများ တက် ရောက်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ကလေးမြို့နယ် မှာဆိုရင် ၂ဝ၁၅ သဘာဝဘေးဒဏ် ခံစားရတဲ့အတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်၊ ဥစ္စာပစ္စည်းဆုံးရှုံးမှု ဖြစ်ကြရပြီး နောက်နှစ်တွေအထိ ရွှံ့ မြေတွေ တင်ကျန်ရစ်ခဲ့တဲ့အတွက် စိုက်ဖို့ပျိုးဖို့အခက်ကြုံကြရပါတယ်။ အဲဒီအခက်အခဲကြားထဲက ကုန်းရုန်း ထပြီး မြစိမ်းရောင်း စီမံကိန်းချေးငွေ ကို ပြန်ဆပ်နိုင်အောင် ကြိုးစားနိုင်ခဲ့ တဲ့ နန်းချောင်ရွာကို ကျွန်တော်တို့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်တာဖြစ်ပါ တယ်။ နောက်စည်းကမ်း ၁ဝ ချက် နဲ့ ကိုက်ညီတဲ့ရွာ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းတဲ့ ရွာစသဖြင့် ဂုဏ်ပြု ဆုချီးမြှင့်တာဖြစ်ပါတယ်''ဟု ယင်း က ပြောသည်။

 ကလေးမြို့နယ် မြစိမ်းရောင်  စီမံကိန်းဝင် ကျေးရွာများတွင် အများ ဆုံး လုပ်ကိုင်မှုရှိသည့် လုပ်ငန်းများမှာ လယ်ယာလုပ်ငန်းဖြစ်ပြီး ဒုတိယ လုပ်ငန်းမှာ မွေးမြူရေး၊ တတိယလုပ် ငန်းမှာ ရက်ကန်းလုပ်ငန်း၊ ဈေးရောင်း ဈေးဝယ်လုပ်ငန်းများဖြစ်ကြောင်း သိ ရသည်။

''ကျွန်တော်တို့ ကျေးရွာမှာဆိုရင် လူနေအိမ်ခြေ ၂ဝဝ ရှိပါတယ်။ ကျွန် တော်ဆိုရင် လက်သမားလုပ်ငန်းလုပ် ကိုင်ပါတယ်။ ကျွန်တော်နဲ့အတူ မြစိမ်းရောင် စီမံကိန်းချေးငွေချေးသူ ၈၈ ဦးရှိပါတယ်။  ကျွန်တော်တို့ရွာ မှာ ငွေချေးတဲ့ သူတွေက ငါးသိန်း၊ သုံးသိန်း၊ နှစ်သိန်း အစားစားချေးယူ ကြပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ ကုန်စိမ်းသည်စသဖြင့်  ပေါ့ အရင်းမပျောက်အောင် ကြိုးစား လုပ်ဆောင်ထူထောင်ကြရပါတယ်''ဟု နန်းချောင်းကျေးရွာမှမြစိမ်းရောင်ချေး ငွေဖြင့် လက်သမားလုပ်ကိုင်နေသူ ဦးမန်ခေါပြန်က ပြောသည်။

ကလေးမြို့နယ် မြစိမ်းရောင် စီမံကိန်း သုံးနှစ်ဝန်းကျင်ကာလအ တွင်း အချို့ ကျေးရွာများမှာ တိုးတက် မှု နှေးကွေးခြင်း၊ မလိုလားအပ်သည့် ပြဿနာများ၊ ချေးငွေပေးကော်မတီ နှင့် ဒေသခံတို့၏ အမျိုးမျိုးသော ပြဿနာများရှိနေသော်လည်း ငွေ ကြေးကိစ္စ ပုံမှန်လည်ပတ်နိုင်ခြင်း၊ ပြဿနာတစ်စုံတစ်ရာကြီးမားစွာ ဖြစ် ပေါ်မှုမရှိခြင်းနှင့် သဘာဝဘေးဆိုး ရွာစွာ ကျရောက်ခဲ့သော်လည်း မြစိမ်း ရောင် အရင်းမပျောက် ချေးငွေကို ပုံမှန်ပေးသွင်းသွားနိုင်ခြင်းတို့ကြောင့် ကလေးဒေသ မြစိမ်းရောင် စီမံကိန်း မှာ အောင်မြင် ဖွံ့ဖြိုးတိုးတက်မှုရှိ ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောသည်။

 မြန်မာနိုင်ငံတွင် မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာများအဖြစ် ၂ဝ၁၄-၂ဝ၁၅ တွင် ကျေးရွာပေါင်း ၁၃၅ဝ၊  ၂ဝ၁၅-၂ဝ၁၆ တွင် ကျေး ရွာပေါင်း ၂၁ဝ၇၊ ၂ဝ၁၆-၂ဝ၁၇ တွင်ကျေးရွာပေါင်း ၇၈၂၃ ကို မြစိမ်း ရောင်စီမံကိန်းဝင်ကျေးရွာများအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.