24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အဝေးပြေး ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များ၏ ကုန်ပစ္စည်းတင်ယူပို့ဆောင်မှု တန်ချိန်များကို လျှော့ချသတ်မှတ်

အဝေးပြေး ကုန်စည်ပို့ဆောင် ရေး မော်တော်ယာဉ်များ၏ ကုန် ပစ္စည်းတင်ယူပို့ဆောင်မှု တန်ချိန်များ ကို လျှော့ချသတ်မှတ်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။

အဝေးပြေးကုန်စည်ပို့ဆောင် ရေး မော်တော်ယာဉ်များ၏ကုန်စည်သယ်ယူပို့ဆောင်မှုတန်ချိန်များကိုမိုးရာသီကာလများတွင် လမ်းတံတားများ ၏ခံနိုင်ရည်ရှိစေရန်နှင့် ရေဝပ် ဧရိယာများမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ၂ဝ၁၃ ခုနှစ်မှစ၍  နှစ်စဉ် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ် မိုရာသီတွင် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ်များအနေနှင့် ၂ဝ၁၇ ခုနှစ် မေလ ၁၅ ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ ကုန်တန်ချိန်လျှော့ချ သယ်ယူရန် ထုတ်ပြန်ခဲ့သည့်သတ်မှတ်ချက်များအရ သယ်ယူပို့ဆောင် ပေးကြရမည် ဖြစ်သည်။

ယခုနှစ် မိုးရာသီကာလအတွင်း ကုန်တင်မော်တော်ယာဉ်များ၏ ကုန်တင်ဆောင်နိုင်မှု တန်ချိန် လျှော့ချသတ်မှတ်မှုများမှာ ၁၄ ဘီး၊ ၁၈ ဘီးနှင့် ၂၂ ဘီးကုန်တင်ယာဉ်များအတွက်သာဖြစ်ပြီး ခြောက်ဘီး၊ရှစ်ဘီးနှင့် ၁ဝဘီးကုန်တင်ယာဉ်များ မှာနွေရာသီကာလ တင်ဆောင်နိုင်ခွင့် သတ်မှတ်ချက်အတိုင်း သယ်ယူနိုင် ခွင့်ရှိကြောင်း သိရသည်။

ယခုနှစ်မိုးရာသီအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကုန် တင်မော်တော်ယာဉ်များ၏ ကုန်တင် တန်ချိန် သတ်မှတ်ချက်များမှာ ၁၄ ဘီးကုန်တင်မော်တော်ယာဉ်များအ တွက် နွေရာသီတွင် ၃၁ တန်မှ မိုးရာသီတွင် ၃ဝ တန်၊ နောက်တွဲ ယာဉ် ပါသည့် ၁၄ ဘီးကုန်တင်မော်တော် ယာဉ်များမှာ နွေရာသီတွင် ၃၄ တန် မှ မိုးရာသီတွင် ၃၃ တန်၊ ၁၈ ဘီး ကုန်တင်မော်တော်ယာဉ်များတွင် နွေရာသီတွင် ၄၆ တန်မှ မိုးရာသီတွင် ၄၃ ဒသမ ၅ တန်နှင့် ၂၂ ဘီးကုန် တင်မော်တော်ယာဉ်များမှာ နွေရာသီ တွင် ၅ဝ ဒသမ ၅ တန်မှ မိုးရာသီ တွင် ၄၈ တန်သို့ လျှော့ချသတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

အဝေးပြေး ကုန်တင် မော်တော်ယာဉ်များအနေနှင့် နှစ်စဉ် နှစ်တိုင်း မိုးရာသီတွင် ဇူလိုင်လ၊ သြဂုတ်လများသို့ ရောက်ရှိမှသာ ကုန်စည်စီး ဆင်းမှု နှေးကွေးသွားလေ့ရှိနေသော်လည်း ယခုနှစ်တွင်မူ ယခုအချိန်ကတည်းကပင် ကုန်စည်ပို့ဆောင်ရေးမှာ နှေးကွေးစပြုလာနေပြီ ဖြစ်သည် ဟု ဆိုသည်။

ထို့အပြင် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ် လုပ်ငန်းများအနေနှင့် ထိုသို့ကုန်စည် ရှားပါးမှုဖြစ်နေပြီး ကုန်ပစ္စည်းသယ် ယူပို့ဆောင်ခ ဈေးနှုန်းများကိုလည်း တိုးမြှင့် တောင်းခံရန်မဖြစ်နိုင်သည့်အပြင် ယခုကဲ့သို့ကုန်ပစ္စည်း တန်ချိန်များကို လျှော့ချသယ်ဆောင်ရ မည်ဖြစ်သဖြင့် လုပ်ငန်းပိုင်ရှင်များ အနေနှင့် အခက်အခဲများရှိနေ ကြောင်း သိရသည်။

အဝေးပြေး ကုန်စည်ပို့ဆောင် ရေး မော်တော်ယာဉ်များအနေနှင့် နွေရာသီပုံမှန် အချိန်ကာလများတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ် တောင်ပိုင်းဒေသများသို့ နေ့စဉ် ပုံမှန်အစီးရေ ၆ဝဝ ခန့်ထွက်ရှိနေရ သော်လည်း မိုးရာသီကာလများတွင် အစီးရေ ၃၅ဝ မှ ၄ဝဝ အထိသာ ထွက်နိုင်ကြောင်း သိရသည်။

ထို့အတူတိုက်ကြီး၊ ပြည်လမ်း ကြောင်းများတွင် နွေရာသီတွင် နေ့ စဉ်ပုံမှန် အစီးရေ ၄ဝဝ ခန့်ထွက် ရှိနေသော်လည်း မိုးရာသီတွင် အစီး ရေ ၂၅ဝ ခန့်သာ ထွက်ရှိနိုင်ပြီး ပဲခူး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး ခရီးစဉ်များတွင် နွေရာသီ တွင် နေ့စဉ်ပုံမှန် အစီးရေ ၁၈ဝဝ ခန့်ထွက်ရှိနေသော်လည်း မိုးရာသီ ကာလတွင် အစီးရေ ၁ဝဝဝ မှ ၁၂ဝဝ ခန့်သာထွက်ရှိနိုင်ကြောင်း သိရ သည်။

မိုးရာသီကာလများတွင် ကုန် စည်စီးဆင်းမှုအနေနှင့် ရန်ကုန်မှ ပို့ကုန်များသာရှိနေပြီ ရန်ကုန်အ ပြန်ခရီးတွင် ကုန်ပစ္စည်းမပါရှိဘဲ ပြန်ခဲ့ကြရသည်ဟု ဆိုသည်။ လက်ရှိ တွင် ရန်ကုန်မှ ပြည်နယ်နှင့် တိုင်း ဒေသကြီးများသို့ စားသောက်ကုန်ပစ္စည်းများကိုသာ အများဆုံး သယ်ယူ ပို့ဆောင်ပေးနေရကြောင်း သိရ သည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.