24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ယခုအချိန်အထိ ပုဂ္ဂလိက ကျွန်းစိုက် ခင်း ၁၃၈ ၆၃၃ ဧကနှင့် သစ်မာစိုက်ခင်း ဧက ၉ဝ-ဝ၁၉ ကို တည်ထောင်စိုက်ပျိုးပြီးဖြစ်

ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် စိစစ်ခွင့်ပြုပေး လျက်ရှိရာ ယခုအချိန်အထိ ပုဂ္ဂလိကကျွန်းစိုက်ခင်း ၁၃၈၆၃၃ ဧကနှင့် သစ်မာ စိုက်ခင်း ဧက ၉ဝဝ၁၉ ကို တည်ထောင်စိုက်ပျိုးပြီးဖြစ်ကြောင်း ပုဂ္ဂလိက သစ်တော စိုက်ခင်းများ ဖွံ့ ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ သတင်းများအရ သိရသည်။ အဆိုပါ ပုဂ္ဂလိက သစ်တောစိုက်ခင်းများ ဖွံ့ဖြိုး  တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၇ ခုနှစ် မေလ ၂၅ ရက်က နေပြည်တော်ရှိ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင် ကြင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ သစ်တော များ ပြန်လည် ထူထောင်ရေး စီမံကိန်းကို ယခု ၂ဝ၁၇ -၂ဝ၁၈ မှ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အထိ ဆောင်ရွက် သွားရန် စီမံကိန်းများ ရေးဆွဲဆောင် ရွက်နေပြီး အဆိုပါ စီမံကိန်းကို ယခု ၂ဝ၁၇ ခုနစ်မှ စတင်အကောင် အထည်ဖော်လျက် ရှိပြီး စီးပွားရေးစိုက်ခင်းများ၊ ရေဝေ ရေလဲ ထိန်းသိမ်းရေး စိုက်ခင်းများ၊ ထင်းစိုက်ခင်းများ၊ ဒီရေတော စိုက်ခင်း များနှင့် သီးနှံသစ်တောရောနှော စိုက်ခင်းများကို နေရာဒေသအလိုက် လိုအပ်ချက်အပေါ် မူတည်၍ ရည် ရွယ်ချက်အမျိုးမျိုးဖြင့် စိုက်ပျိုး တည်ထောင်လျက်ရှိသည်။ ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင် နိုင်ရန် စိစစ်ခွင့်ပြုပေးလျက်ရှိရာ ယခု အချိန်အထိ ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၁၃၈၆၃၃ ဧကနှင့် သစ်မာစိုက်ခင်း ဧက ၉ဝဝ၁၉ ကို တည်ထောင်စိုက် ပျိုးပြီးဖြစ်သည့်အပြင်၊ ပြည်တွင်း သစ်လိုအပ်ချက် ထောက်ပံ့နိုင်ရေးနှင့် သစ်အခြေခံ စက်မှုလုပ်ငန်းများအ တွက် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှစ၍ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မြေငှားရမ်း ၍ သစ်တောမြေ ၉ဝ၈၆၁ ဧကကို ပုဂ္ဂလိက သစ်တောစိုက်ခင်းအဖြစ် တည်ထောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အလုပ်ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.