24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပုသိမ်ကြီးမြို့နယ်အတွင်း သရက်သီးအထွက်ကောင်း၍ သရက်ခြံပိုင်ရှင်များ လုပ်ငန်းအဆင်ပြေ

မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ် သရက်သီးများ အထွက်နှုန်းကောင်းပြီး အနာ အဆာကင်းမဲ့သဖြင့် သရက်ခြံပိုင်ရှင်များ ဈေး ကောင်းရခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဗဒင်၊ ဗိုလ်တက်ကုန်း၊ သမ္မတော၊ လက်ကောင်း၊ ကျောက်မီး၊ ကုလားကြီး ခြံ၊ ကြည်ဝင်း ဆည်တော်တို့၌ ရာသီဥတုကောင်း၍ သရက်သီးများ အနာအဆာကင်းပြီး အရွယ်အလုံးအဖန်လှသဖြင့် ဈေးကောင်း ရနေရာ သရက်စိုက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိသည်။

သရက်သီးဈေးကွက်တွင် စိန်တစ်လုံးအကြီးတစ်လုံး ကျပ် ၄ဝဝ - ၅ဝဝ၊ အလုံးသေး ငွေကျပ် ၂ဝဝ - ၃ဝဝ ဈေးနှုန်းရ လျက်ရှိသည်။

စိန်တစ်လုံးသရက်သီးသည် အခွံပါး၊ အသားထူကာ အမျှင်နည်းပါးပြီး အနံ့အရသာကောင်းမွန်သောကြောင့် လူကြိုက်များလျက် ရှိသည်။ တချို့ကို မန္တလေး၊ ပြင်ဦးလွင်ကားလမ်းနဘေး သရက် ဈေးတန်းတွင် ရောင်းချ၍ တချို့ကို ပွဲရုံသွင်းသည်။           

တခြားမျိုးများဖြစ်သော ပတ္တမြားငမောက်၊ ဟင်္သာ၊ သုံးလုံး တစ်တောင်၊ ရင်ကွဲ၊  မချစ်စု၊ သံကောက်၊ ဘဲလေး၊ ပန်းဆွဲစသည် တို့မှာ စိန်တစ်လုံးလောက်လူကြိုက်မများသော်လည်း သူ့ အတိုင်းအတာနှင့်သူ အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မန္တလေးသတင်း

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.