19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း လုံခြုံရေး ကင်မရာ ၄၈ လုံး တပ်ဆင်၍ လုံခြုံရေးမြှင့်တင်

မန္တလေးမဟာမုနိဘုရားကြီးပရိဝုဏ်အတွင်း ယခုလမှစ၍ လုံခြုံ ရေးကင်မရာ ၄၈ လုံးတပ်ဆင်၍ လုံခြုံရေးမြှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဘုရားကြီး ပရိဝုဏ်တွင် လုံခြုံရေးကင်မရာ  ၂၈ လုံးရှိပြီး လုံခြုံမှုပိုမိုကောင်းမွန်စေရန်အတွက် ဘုရားကြီးပရိဝုဏ်အတွင်း လူသူ အသွားအလာများပြားသော အဓိက ကျသည့်နေရာများတွင် တိုးချဲ့တပ် ဆင်ပေးမည်ဖြစ်ကြောင်း ဘုရားကြီး  ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မဟာမုနိဘုရားကြီး ပရိဝုဏ် အတွင်း၌ ဃဃွှဠ ကင်မရာတပ်ဆင် ခြင်းကို ဘုရား၏ ရန်ပုံငွေ ကျပ်သိန်း ၆ဝဝ အကုန်အကျခံကာ တပ်ဆင် ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဘုရား ကြီး၌ လုံခြုံရေး အင်အားဦးရေ ၅ဝ ရှိပြီး လုံခြုံရေး ဝန်ထမ်းများ ထပ်မံ ခန့်အပ်သွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။

မဟာမုနိ ဘုရားကြီးသို့ နှစ်စဉ် နှစ်တိုင်း လာရောက်ဖူးမြော်ကြသည့် ပြည်တွင်းခရီးသည်များနှင့် နိုင်ငံခြားဧည့်သည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိရာ နေ့စဉ် ဘုရားကြီးသို့ လာရောက်ဖူးမြော်ကြ သည့် ပြည်တွင်း ခရီးသည်ဦးရေ ၄ဝဝဝဝ ခန့်ရှိပြီး ပြည်ပခရီးသွား ဦးရေ ၈ဝဝ မှ ၁ဝဝဝ ခန့်အထိရှိ ကြောင်း သိရသည်။


မန္တလေးသတင်း

မန္တလေးသတင်း
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.