24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်သတင်းများအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ ပေးပို့တိုင်ကြားနိုင်

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ အတွင်း ဒေသခံများအနေဖြင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲများအပြင် အ ကြမ်းဖက်အဖွဲ့များ၏ အနိုင်အထက် ပြုကျင့်မှုများရှိပါက မြို့နယ်စီမံခန့်ခွဲ မှုကော်မတီသို့ ဖုန်းဆက်၍ဖြစ်စေ၊ မက်ဆေ့ခ်ျပေး ပို့၍ဖြစ်စေ သတင်းပို့ တိုင်ကြားနိုင်ကြောင်း အသိပေး ကြေညာထားကြောင်း သတင်းရရှိ သည်။

ဘူးသီးတောင်မြို့နယ်တွင် မျက် နှာဖုံးစွပ် အကြမ်းဖက်တချို့သည် ကျေးရွာတချို့ကိုဝင်ရောက်ကာ လူသတ်ခြင်းနှင့် တခြားပြစ်မှုများ ကို ကျူးလွန်နေသည်။

ယင်းသို့ ပြစ်မှုကျူးလွန်နေမှုများ ကို လျှော့ချနိုင်ရန်အတွက် ဒေသနေရွာသားများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့်အတွက် ထူးခြားဖြစ် စဉ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ချက်ချင်းသတင်းပို့ပေးရန် လိုအပ်ကြောင်း ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အကြမ်းဖက်အဖွဲ့များနှင့် ပတ် သက်၍ သတင်းပေးပို့သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို အထူးလျှို့ဝှက်သိမ်းထားမည် ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မ တီ၏ ကြေညာချက်တွင် ဖော်ပြထား သည်။

ဘူးသီးတောင်မြို့နယ် မိုးခေါင် ချောင်းအုပ်စုကန်တက်ရွာနေ မော် လဝီဆရာမာမတ်ဟာဆောင်းသည် အကြမ်းဖက်သင်တန်းများ တက် ရောက်ခဲ့ပြီး ကျေးရွာရှိ လူငယ်များအား စည်းရုံးပို့ဆောင်နေကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ¤င်းအား မေလ ၂၅ ရက်တွင် ဖမ်းဆီးခဲ့သည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.