29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရန်ကုန်မြို့တွင် အားကစားကွင်းများနှင့် ရေကူးကန်များပါဝင်သည့် အိမ်ရာစီမံကိန်း စင်ကာပူကုမဏီနှင့် အကျိုးတူဆောက်လုပ်မည်

ရန်ကုန်မြို့တွင် ရေကူးကန်နှင့် အားကစားကွင်းများပါဝင်သည့် Min Residence အိမ်ရာစီမံကိန်းကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလအတွင်း စတင်အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းသည် အထပ် ၂ဝ ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးဆောက်လုပ်သည့် ကျန်းမာ ရေးနှင့် လူနေမှုစနစ်ဆိုင်ရာအခွင့်အ ရေးများနှင့် အပန်းဖြေနေရာ ၆ဝ ခန့်ပါဝင်သည့် နိုင်ငံတကာ အဆင့်မီ အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။               လူနေအိမ်ခန်းနှင့်ရုံးခန်းပေါင်း ၆၁၄ ခန်းပါဝင်မည်ဖြစ်ပြီး အဆင့်မြင့်တိုက်ခန်းများ၊ ရုံးခန်းများ၊ နေ့ ကလေးထိန်းဂေဟာ၊ အပန်းဖြေစရာနေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များ၊ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်မည့် ကျန်းမာရေး ဆိုင်ရာနေရာများ  စသည်တို့ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ မင်းအဆင့်မြင့်စုပေါင်းအိမ်ရာ Min Residence  ကို သုံးနှစ် အတွင်းအပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံမှ မုတ္တမ ဖွံ့ဖြိုးတိုးတက် ရေး ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံအခြေစိုက် Oxley Holding ကုမ္ပဏီတို့မှ အမေရိကန်ဒေါ်လာသန်း ၂၅ဝ ကျော် အကျိုးတူရင်းနှီးမြှုပ်နှံလုပ် ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အိမ်ဈေးနှုန်း၏ ငါးရာခိုင် နှုန်းကို ပေးချေရမည်ဖြစ်ပြီး နှစ်လအကြာတွင် ၁၅ ရာခိုင်နှုန်း၊ လေးလ အကြာတွင် ၁ဝ ရာခိုင်နှုန်း ပေးချေပြီးနောက် ကျန် ၃ဝ ရာခိုင်နှုန်းကို အိမ်ခန်း လက်ခံရရှိပြီးမှသာ ပေးချေရမည်ဖြစ်ပြီးအခန်းတန်ဖိုးများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။

  Min Residence ကို စင်ကာပူ၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အ ဆောက်အဦး ဒီဇိုင်းများ ရေးဆွဲပေးနေသည့် a+p Group က တာဝန်ယူ ရေးဆွဲပေးထားခြင်းဖြစ်သည်။

 

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.